Archive for the ‘နယ်စပ်’
July 14, 2009
By: moe moe kyaw
Category: နယ်စပ်
ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်မှုပမာဏ သုံးလအတွင်း ကန်ဒေါ်လာ တစ်သန်းကျော်ရှိခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေး အသင်းမှသိရသည်။
မြန်မာနိုင်ငံမှ ပို့ကုန်အနေဖြင့် ရေချိုငါးအဓိကတင်ပို့ခဲ့ပြီး ချင်း၊ နနွင်းတက်၊ ဆီးသီးခြောက်၊ဆီးဖတ်။ မန်ကျည်းသီးတို့ပါဝင်ကြောင်း သိရသည်။
(more…)
No Comments →
July 14, 2009
By: moe moe kyaw
Category: နယ်စပ်
မောင်ကံ
လွန်ခဲ့သည့် မေလဆန်းပိုင်းမှ မောင်တောနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တက္ကနဖ်သို့ ကူးသန်းသွားလာသူ များပြားနေကြောင်း သိရသည်။ “မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်ကို ကူးသန်းသွားလာနေသူတွေ အတွက် တာကာငွေဈေးကလည်း အရေးပါနေပါတယ်။ တာကာငွေဈေးကျရင် ဒီကယူသွားတဲ့ ပစ္စည်းတွေရှုံးပြီး ဟိုဘက်ကသွင်းလာတဲ့ ပစ္စည်းတွေအပေါ်မှာ အမြတ်ရပါတယ်။ ကျွန်မတို့က သွင်းကုန်ထက် ပို့ကုန်ကိုအားထား တင်ပို့ပါတယ်” ဟုနယ်စပ်ဖြတ်ကျော်သွားလာသူ အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိမောင်တော နယ်စပ်မှ တက္ကနဖ်သို့ ကူးသန်းသွားလာနေသူအများစုမှာ ထီးမျိုးစုံ၊ ဖိနပ်မျိုးစုံ၊ အထည်အလိပ်၊ လုံချည်ကြမ်းများကို အများဆုံးတင်ပို့နေပြီး သွင်းကုန်အဖြစ် မိုးကာထည်များကို တင်သွင်းနေကြောင်း သိရသည်။
7 DAY NEWS Journal
June-25-2009
No Comments →
July 02, 2009
By: moe moe kyaw
Category: နယ်စပ်
မောင်ကံ
ဘင်္ဂလားဒေ့ရှ် ဓာတ်မြေဩဇာများမှာ တာကာငွေဈေးများ ပုံမှန်အတိုင်း ဖြစ်လာခဲ့သော်လည်း ယခင်နှုန်းအတိုင်း ဈေးရှိနေကြောင်း သိရသည်။ မောင်တော ဓာတ်မြေဩဇာ ဈေးကွက်တွင် လွန်ခဲ့သည့်မိုးတွင်းကလက ၅၀ ကီလိုတအိတ်လျှင် ၃၈,၀၀၀ ကျပ်ထိ ဈေးတက်နေခဲ့ပြီး စိုက်ပျိုးရာသီကုန်ချိန် ဆောင်းတွင်းကာလ (ဒီဇင်ဘာ၊ဇန်နဝါရီ) လ၌ တာကာငွေဈေး ကျဆင်းခြင်းနှင့်အတူ တစ်အိတ်လျှင် တစ်သောင်းကျပ်ထိ ကျဆင်းခဲ့ကြောင်း သိရသည်။
(more…)
Comment (1)
July 01, 2009
By: moe moe kyaw
Category: နယ်စပ်
ညိုသဏ်း
မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ပမာဏ အများဆုံးတင်ပို့နေရသည့် ရေငန်ပုစွန်များမှာ ယခုလမှ မောင်တော စစ်တွေ စစ်တွေပတ်ဝန်းကျင် ဒေသမှ ခေါင်းမဲ့ပုစွန်များ စတင်ပို့နေပြီးဖြစ်ကြောင်း သိရသည်။
ရခိုင်ကမ်းရိုးတန်းဒေသမှ ဒေသများတွင် စီးပွားရေးလုပ်ငန်းအဖြစ် ရေငန်ပုစွန် မွေးမြူခြင်းလုပ်ငန်းကို လုပ်ကိုင်လျှက်ရှိသော ဒေသတစ်ခုဖြစ်သည့် အလျှောက် ထွက်ရှိလာသည့် ပုစွန်များကို ၂၀၀၆ ခုနှစ်မတိုင်မီက ရိုးမအရှေ့ ဒေသသို့ တင်ပို့ခဲ့သည့်နောက်ပိုင်းတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ ဦးတည်တင်ပို့ လာနိုင်ကြောင်း သိရသည်။
(more…)
No Comments →
July 01, 2009
By: moe moe kyaw
Category: နယ်စပ်
မောင်သန်းဝင်း
မောင်တော-ဘူးသီးတောင် ကဲ့သို့ အချိန်တိုင်းနီးပါး ခရီးသွားအင်အားများပြားနေသော မောင်တော-ကြိမ်ချောင်း လမ်း၌ ကားခေါက်ရေ တိုးချဲ့ပြေးဆွဲရန်လိုကြောင်း ခရီးသွားများက ပြောသည်။ မောင်တောမြောက်ပိုင်၌ ကြိမ်ချောင်းဒေသ သည် စီးပွားရေးအရ အချက်အချာကောင်းကျသည့် နေရာ တစ်ခုဖြစ်ပြီး မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချစ်ကြည်ရေး ကုန်းလမ်းဖောက်လုပ်ရန် စီမံကိန်းသတ်မှတ်ချက်နေရာ၌လည်း ပါဝင်နေသည်။
(more…)
No Comments →
June 28, 2009
By: moe moe kyaw
Category: နယ်စပ်
ညိုသဏ်း
မောင်တော-ဘူးသီးတောင် ကားလမ်းပေါ်တွင် မောင်းနှင်နေသည့် ယာဉ်များမှာ ဆောင်းတွင်းကာလနှင့် နွေကာလများထက် မိုးရာသီတွင် ပိုမိုသတိထားမောင်းနှင်သင့်ကြောင်း မောင်တော-ဘူးသီးတောင် ကားလမ်းတွင် ပြေးဆွဲနေသည့် ဒရိုင်ဘာတစ်ဦးက ပြောသည်။
မောင်တော-ဘူးသီးတောင်ကားလမ်းမှာ တောင်ကုန်း၊တောင်တန်း တောင်စောင့်များနှင့် လျှိုမြောင်များကို ဖြတ်ကျော် ဖောက်လုပ်ထားသည့် တောင်ကြားလမ်းတစ်ခု ဖြစ်သည့်အလျှောက် လမ်းပေါ်ရှိတံတား၏ ခံနိုင်ဝန်မှာလည်း ကာလကြာမြင့်လာသည်နှင့် အမျှ ခံနိုင်အားလျှော့နည်း ကျဆင်းလာကြောင်း သိရသည်။
(more…)
No Comments →
June 25, 2009
By: moe moe kyaw
Category: နယ်စပ်
မောင်ကံ
မောင်တော့နယ်စပ်ဒေသအတွင်း ပြင်ပပုဂ္ဂလိက အဆင့်မြင့်ပညာရေး ဘော်ဒါဆောင်များ တိုးချဲ့ ဖွင့်လှစ်လာခြင်းကြောင်းအနီးပတ်ဝန်းကျင် ကျေးရွာများမှ ကျောင်းသားကျောင်းသူများအတွက် ပိုမိုအဆင်ပြေလာကြောင်း တက္ကသိုလ်ဝင်တန်း ကျောင်ူသားမိဘတစ်ဦးက ပြောသည်။
မောင်တော ဒေသတွင် အဆင့်မြင့်ပညာရေး ဘော်ဒါဆောင်များကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့ပြီး ယင်းနှစ်တွင်ပင် ဘော်ဒါဆောင် ၃ ဆောင်ရှိခဲ့သည်။ ယခုတွင်မူ ပညာရေးဘော်ဒါဆောင် ၆ ခုကျော်ထိ တိုးချဲ့ ဖွင့်လှစ် လာကြောင်းတွေ့ရသည်။
(more…)
No Comments →
June 25, 2009
By: moe moe kyaw
Category: နယ်စပ်
မောင်ကံ
ကမ်းရိုးတန်းဒေသသုံး စီဒီအမ်အေ ဖုန်းများသုံးစွဲမှု တွင်ကျယ်လာခြင်းကြောင့် မောင်တောဒေသရှိ ပုဂ္ဂလိက အိုင်ပီစတား ဖုန်းလုပ်ငန်းများ ပိတ်သိမ်းရခြင်း ရှိလာကြောင့် အိုင်ပီစတားဖုန်း လုပ်ငန်းရှင် တစ်ဦးကပြောသည်။ လွန်ခဲ့သည့် ဒီဇင်ဘာလမှ စ၍ မောင်တောဒေသသို့ စီဒီအမ်အေ ဖုန်းအလုံး ၂၅၀ ကိုချပေးခဲ့ပြီး သုံးစွဲခွင့်မရသူများမှာလည်း လက်ကိုင်ဖုန်းထက် ခြင်းဖုန်းအဖြစ်သာ အသုံးပြုကြခြင်းကြောင့် အိုင်ပီစတားဖုန်းဖြင့် ပြောဆိုဆက်သွယ်သူများ လျှောနည်းလာခြင်းဖြစ်ကြောင်း သိရသည်။
(more…)
No Comments →
June 25, 2009
By: moe moe kyaw
Category: နယ်စပ်
ညိုသဏ်း
မောင်တော မြို့ နယ်မြောက်ပိုင်း ခြံပြင်ကျေးရွာတွင် ထမင်းဟင်းချက်ရာ၌ လိုအပ်သော ထင်းများအစား နွားချေးနှင့်ဖွဲ ရောစပ်ပြုလုပ်သည့် အစားထိုးလောင်စာတောင့်များကို ရွာလုံးကျွတ်အသုံးပြုကြကြောင်း ရွာခံတစ်ဦးက ရန်ကုန်တိုင်းမ် ဂျာနယ်သို့ ပြောပြသည်။
ယင်းအစားထိုးလောင်စာတောင့်များမှာ နွားချေးနှင့်ဖွဲနုတို့ကို ရောစပ်၍ ဝါးခြမ်း၊ သစ်ကိုင်းငယ်များတွင် လက်ဖြင့် ဆုပ်နယ်ကာ နေပူလှန်းအခြောက်ခံ၍ အသုံးပြုကြခြင်းဖြစ်သည်။
(more…)
No Comments →
June 14, 2009
By: moe moe kyaw
Category: နယ်စပ်
မောင်ကံ
မောင်တောနယ်စပ် ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့ရှ်သို့ ပမာဏအများဆုံး တင်ပို့နေရသည့် ရေငန်ပုဇွန်များမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ဝယ်ယူမှုနည်းပါးနေသော်လည်း ဒေသတွင်းပုဇွန်ဈေးမှာ ပုံမှန်အတိုင်းရှိနေသဖြင့် ပုဇွန်မွေးမြူ ထုတ်လုပ်သူများအတွက် ထိခိုက်နစ်နာမှု မရှိကြောင်း ပုဇွန်မွေးမြူ ထုတ်လုပ်သူ တစ်ဦးကပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာမောင်တောနယ်စပ်မှ ပုဇွန်ဝယ်ယူမှုကို လွန်ခဲ့သော ဇန်နဝါရီလတွင်းက ရပ်တန့်ခဲ့ပြီး မတ်လပိုင်းတွင် ပြန်လည်ဝယ်ယူမှုများပြုလုပ်ခဲ့သော်လည်း ဝယ်ယူမှုပမာဏမှာ လွန်စွာ နည်းပါးခဲ့သည်။ (more…)
No Comments →