Arakan Review

Learn from the masses, and then teach them.
Subscribe

Archive for the ‘သတင်း’

စစ်တွေတက္ကသိုလ် အဝေးသင်ကျောင်းသားများ သုံးသိန်းပေးရင် စာမေးပွဲအောင်ရမည်

November 21, 2009 By: moe moe kyaw Category: သတင်း

cimg05131

Wataungthar(Arakan Review) စစ်တွေတက္ကသိုလ်မှာ စာမေးပွဲဖြေဆိုနေကြတဲ့ အဝေးသင် တက္ကသိုလ်ကျောင်းသားတွေကို ငွေ သုံးသိန်းပေးရင် စာမေးပွဲအောင်မယ် ဆိုတာ ကြောင့် ကျောင်းသားတွေရဲ့ မိဘများနှင့်တကွ ဒေသခံလူထုများကပါ ဆိုးဝါးသော မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို လွန်စွာမှစိတ်ပျက် သွားကြ ကြောင်း သိရသည်။

“သုံးသိန်းပေးရင် စာမေးပွဲအောင်မယ်လို့ သတင်းထွက်လာတဲ့နောက်မှာ ကျောင်းသားတွေဟာ စာကျက်ချင်စိတ်လည်း မရှိတော့ဘူး။ မိဘတွေကို အကြောင်းအမျိုးမျိုးပြပြီး တတ်နိုင်လား       မတတ်နိုင်လား မသိဘူး၊  မိဘတွေကလည်း ဒီပညာရေး စနစ်ဆိုးမှာ ဒီလိုမှ မလုပ်ရင် သားသမီး တွေ ဘွဲ့ရတော့မှာ မဟုတ်တော့ပါဘူး ဆိုတဲ့ အသိစိတ်နဲ့ ကြိတ်မှိတ်ပြီး ရှာပေးရတာပါဘဲ” ဟု ကျောင်းသားမိဘ တစ်ဦးက Arakan Review သို့ ပြောပြခဲ့ခြင်းဖြစ်သည်။

(more…)

ရွှေးကောက်ပွဲအတွက် ပြည်သူ့စစ် သင်တန်းများ ဆက်လက် ပို့ချ

November 20, 2009 By: Mr Maung Nyo Category: သတင်း

11/20/2009

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် အနှံ့အပြားတွင် နအဖ စစ်အာဏာပိုင်များက ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ပြည်သူ့စစ် သင်တန်းများ တခုပြီး တခုဖွင့်လှစ်နေရာ လွန်ခဲ့သော အပတ်က ဘူးသီးတောင်မြို့နယ်တွင် လူပေါင်း ၁၂၀ ပါဝင်သည့် ပြည်သူ့စစ် သင်တန်း တခုကို လွန်ခဲ့သော အပတ်က ဖွင့်လှစ်ပို့ချခဲ့သည်။

ညောင်ချောင်း ကျေးရွာမှ အရပ်သား တဦးက “ အခုလို ပြည်သူ့စစ်သင်တန်းတွေကို ရခိုင်ပြည်နယ်ထဲက မြို့နယ် တခုပြီး တခုမှာ ဖွင့်လှစ်နေပါတယ်။ သူတို့က ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် လူထု အင်အားတွေကို သိမ်းကျုံးပြီး စုစည်း နေပါတယ်။ ကျနော်တို့ရွာမှာ ပြုလုပ်တဲ့ သင်တန်းမှာ ရွာပေါင်း ၅ ရွာက လူပေါင်း ၁၂၀ ပါဝင်ပါတယ်။ သူတို့ကို လက်နက်ကိုင် တပ်ဖွဲ့က ကိုင်တွယ်ပြီးတော့ စီမံဆောင်ရွက် သွားပါလိမ့်မယ်” ဟု ပြောသည်။

(more…)

ရွှံမီးတောင်ပေါက်ကွဲမှုကြောင့် နဂါးရွာသားများ အခက်အခဲကြုံနေရ

November 20, 2009 By: Mr Maung Nyo Category: သတင်း

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ နဂါးကျေးရွာအနီး နဂါးရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် ၎င်းကျေးရွာသားများ လယ်ဧက (၂၀) ခန့်ဆုံးရှုံးနေပြီး ရွာသားအချို့  အခြားနီစပ်ရာ ရွာများသို့ ပြောင်းရွေ့နေရသည် ဟု အမည်ဖော်လိုသူ မာန်အောင်မြို့မှ ကြံ့ခိုင်ရေးမှ အဖွဲ့ဝင်တစ်ဦးမှ Arakan Review သို့ ပြောကြားခဲ့သည်။

“ ဆူနာမီဖြစ်တဲ့နေ့မှာ နဂါးရွာက လယ်ဧက (၂၀) လောက်ပျက်စီးသွားခဲ့တယ်၊ အိမ်ခြေ (၄၆) အိမ်မှာ (၂၄) အိမ်လောက်သာကျန်ခဲ့တယ်၊ အခုထက်ထိ အဲဒီလယ်တွေကို ရွာသားတွေ လုပ်စားလို့မရသေးဘူး၊ ရွာသားတွေလည်း အခြားရွာတွေကို ပြောင်းရွေ့နေရတယ်၊  အခုရွာထဲမှာ နဂါးးဗွက်တွေထနေတယ်၊ လူတွေကလည်း စားရေးသောက်ရေး ခက်ခဲနေတယ်၊ စီးပွါးရေးအခြေအနေကလည်း မကောင်း၊ ရွာသားတွေလည်း အနီးအနားမှာ ကြုံရာအလုပ်ကို လုပ်ကိုင်စားသောက်နေကြရတယ်” ဟု၎င်းကပြောသည်။

(more…)

ကျောက်ဖြူ ငါးပုစွန်ဈေးကွက်မှ ငါးအမျိုးအမည် (၂၀) ကျော် ရန်ကုန်သို့ တင်ပို့

November 20, 2009 By: Mr Maung Nyo Category: သတင်း

ရခိုင်ကမ်းရိုးတန်းရှိ ရေလုပ်ငန်းအဓိကလုပ်ကိုင်ရာ ကျောက်ဖြူမြို့  ငါးပုစွန်ဈေးကွက်တွင် ငါးအမျိုးအမည် (၂၀) ကျော်ခန့်ဝင်ရောက်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ ကျောက်ဖြူမြို့ တွင် ကမ်းနီးငါးဖမ်းသင်္ဘောများ၊ မော်တော်များကို အားထားကာ ငါး၊ ပုစါန်များကို ၀ယ်ယူနေရာ ငါးပါးနီ၊ ငါးတောက်တူ၊ ငါးမုတ်ဖြူ၊ ငါးမုတ်မည်း၊ ငါးသင်းဝါ၊ ကကတစ်၊ ငါးတံခွန်၊ ငါးလိပ်ကျောက်၊ ကျောက်ပုစွန်၊ ကင်းပုစွန်များကို အသားပါးလွှာထုတ်ပြီး ရေခဲရိုက်တင်ပို့ခြင်းရှိသလို အကောင်လိုက် တင်ပို့ခြင်းလည်း ရှိကြောင်း ကျောက်ဖြူမြို့ မှ ရေလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။ ရခိုင်ဒေသတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်က စတင်ကာ ရန်ကုန်အခြေစိုက် ငါးဖမ်းသင်္ဘောများကို တိုက်ရိုက်လာရောက်ဖမ်းဆီးကာ ထောက်ပံ့ရေးသင်္ဘောများဖြင့် ရန်ကုန်စက်ရုံသို့ တိုက်ရိုက်တင်ပို့ခဲ့ကြသည်။

ဝင်းမောင် (မောင်တော)

Bi-Weekly Eleven Journal
No 34, Vol 2 Nov-13, 2009

မြေယာ သိမ်းပိုက်မူ သတင်းတွင် တပ်ရင်း နံပတ် မှားလွင့်၍ ရွာသားများ စစ်ဆေး မေးမြန်းခံရ

November 19, 2009 By: Mr Maung Nyo Category: သတင်း

11/18/2009

မောင်အေး(နိရဉ္စရာ) ပြည်ပအခြေစိုက် မြန်မာ အသံလွင့် သတင်းဌာန တခုမှ ရခိုင်ပြည်နယ်တွင် နအဖ စစ်တပ် တပ်ရင်းတခုက ကျေးရွာ တရွာမှ လယ်မြေ သိမ်းပိုက်မူ သတင်းတပုဒ်ကို ထုတ်လွင့်ရာတွင် စစ်တပ် တပ်ရင်းအမည်ကို မှားယွင်းစွာ ထုတ်လွှင့်ခဲ့သဖြင့် ကျေးရွာသားများကို စစ်တပ်က ခေါ်ယူမေးမြန်း စစ်ဆေးခဲ့သည်။

အမည်မဖေါ်လိုသူ ကျေးရွာသား တဦးက “ကျွန်တော်တို့ ပုဏ္ဍားကျွန်းမြို့နယ် အမဲ ခင်ကျေးရွာက လယ်မြေဧက ၆၃ ဧကို သိမ်းပိုက်တဲ့ တပ်ရင်းက စစ်တွေ အခြေစိုက် ခမရ ၃၄၄ ဖြစ်ပါတယ်။ ဒါကို ပုဏ္ဍားကျွန်း အခြေစိုက် ခမရ ၅၅၀က ဆိုပီး ထုတ်လွင့်ခဲ့တဲ့ အတွက် အဲဒီ တပ်ရင်းက မကျေနပ်တဲ့အတွက် ရွာသားတွေကို ခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

(more…)

သတင်းထောက်များ နယ်စပ်ခြံစည်းရိုးမသွားရ

November 19, 2009 By: Mr Maung Nyo Category: သတင်း

ငြိမ်းချမ်း
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 18 ရက် 2009 ခုနှစ်

ဒါကာ (မဇ္ဈိမ)။      ။ ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မြန်မာ-ဘင်္ဂလား နယ်စပ်ခြံစည်းရိုးအနီး သတင်းထောက်များ သွားရောက်ခြင်းကို ဘင်္ဂလား နယ်ခြားစောင့်တပ် BDR က တားမြစ်လျှက် ရှိသည်။

ဒေသခံများမှအပ ပြင်ပလူများ ဝင်ရောက်လာပါက စစ်ဆေးရန်နှင့် သတင်းထောက်များကို နယ်စပ်ခြံစည်းရိုးဆီ သွားရောက်ခွင့် မပြုရန် ဘင်္ဂလား-မြန်မာ နယ်စပ်မြို့ ကော့စ်ဘာဇာ အခြေစိုက် အမှတ် ၇ BDR တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရှာခါဝပ် (LC. Shakawep) က ယခုလ ဒုတိယပတ်မှ စတင်၍ တားမြစ်ခဲ့ခြင်း ဖြစ်သည်။

(more…)

မောင်တော ရွှေ့ ပြောင်းတောင်ယာစနစ် ပပျောက်ရေးဆောင်ရွက်

November 18, 2009 By: Mr Maung Nyo Category: သတင်း

မောင်တောမြို့ နယ်အတွင်း ရွှေ့ ပြောင်းတောင်ယာ စိုက်ခင်းစနစ်ပပျောက်ရေးအတွက် ဒေသခံ တောင်ယာခုတ်သူများကို စည်းရုံးကာ နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့ နယ်သစ်တောဌာနမှ သိရသည်။
မောင်တောမြို့ နယ်အတွင်းတွင် ယာမြေဧက ခြောက်ထောင်ကျော်ရှိပြီး အများစုမှာ ရွှေ့ ပြောင်း တောင်ယာစနစ်ဖြင့် စပါးနှင့် ရာသီပေါ်သီးနှံများကိုသာ အဓိက စိုက်ပျိုးကြကြောင်း သိရသည်။ ရွှေ့ ပြောင်း တောင်ယာစနစ်မှာ တစ်နှစ်လုပ်ကိုင်ပြီး နေရာသစ်တွင် သစ်ပင်၊ ၀ါးပင်များကို ခုတ်လှဲမီးရှို့ ပြီးဖြစ်ကြောင်း ဒေသ၏ သစ်တောပြုန်းတီးမှု ဖြစ်ပေါ်စေကြောင်း သိရသည်။ မောင်တောမြို့ နယ်တွင် (၂၀၀၆) ခုနှစ် ကစတင်ကာ ရွှေ့ ပြောင်း တောင်ယာစနစ် ပပျောက်ရေးကို ဆောင်ရွက်ခဲ့ပြီး အဆိုပါနှစ်တွင် တောင်သူများက နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးရာမှ ဒေသခံတောင်သူများအတွက် ၀င်ငွေ ပိုကောင်းလာနိုင်သလို ရွှေ့ ပြောင်းတောင်ယာစနစ်လည်း နည်းပါးသွားမည်ဖြစ်ကြောင်း သစ်တောဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

သားရွှေဦး (ကစ္ဆပ)
Weekly Eleven
No 6, Vol 5 Nov-18, 2009

ကျော်ဖြူမြို့ အနီးမှ ထွက်သောရေနံများကို ဒေသခံများက တူးဖော်ရောင်းချ

November 18, 2009 By: Mr Maung Nyo Category: သတင်း

kfရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အနီးဝန်းကျင်တွင် ထွက်ရှိသောကုန်းတွင်းရေနံတွင်းငယ်များမှ ရေနံများကို ဒေသခံများက တစ်ပိုင်တစ်နိုင် တူးဖော်ထုတ်လုပ်ကာ ဒေသခံ လုပ်ငန်းရှင်များသို့ ရောင်းလျက်ရှိရာ အလုပ်အကိုင် အခွင့်အလမ်းတစ်ခုအဖြစ် လုပ်ကိုင်နေကြောင်း သိရှိရသည်။
ကျောက်ဖြူမြို့  ကုန်းတွင်းရေနံတွင်းငယ်များမှ ရေနံ အမြောက်အမြားကို ထုတ်ယူခဲ့ကြကြောင်း သိရသည်။ အဆိုပါ ရေနံများကို ဒေသဆိုင်ရာ လုပ်ငန်းရှင်များကို ဒေသဆိုင်ရာ လုပ်ငန်းရှင်များသို့ တိုက်ရိုက် ရောင်းချခဲ့ရသဖြင့် ရေနံတူးသူများ အခွင့်အလမ်းဆုံးရှုံးခဲ့ရကြောင်း သိရသည်။

(more…)

ရခိုင်ပြည်နယ်ရှိ လယ်မြေနှင့် လက်ယက်ရေနံတွင်းများ သိမ်းယူခံနေရ

November 17, 2009 By: Mr Maung Nyo Category: သတင်း

Tuesday, 17 November 2009  ဘစောတင်

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာများမှ လက်ယက် ရေနံတွင်းများနှင့် လယ်မြေများကို ဒေသအာဏာပိုင်များက မကြာသေးခင်က သိမ်းယူလိုက်ကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူမြို့ နယ် ရေနံတောင်အုပ်စုမှ ကျေးရွာများနှင့် မင်းပြင်အုပ်စုမှ ကျေးရွာများရှိ လက်ယက် ရေနံ တွင်းပေါင်း(၅၀)နှင့် လယ်မြေများကို နေပြည်တော်မှအမိန့်ဖြင့် မင်းပြင်ရဲစခန်းမှ စခန်းမှူးလှထွန်း ဦးဆောင် ကာ နိုဝင်ဘာလ (၁၄)ရက်နေ့ က သိမ်းယူသွားကြောင်း ကျောက်ဖြူမြို့ မှ ကိုမောင်ဖြူ က ဧရာဝတီသို့ပြော သည်။

(more…)

စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းအတွက် အနာဂတ်စွမ်းအင်နဲ့ မြန်မာ စစ်အစိုးရတို့ စာချုပ် ချုပ်ဆို

November 17, 2009 By: Mr Maung Nyo Category: သတင်း

11/16/2009

နအဖ စစ်အစိုးရ၏ အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရေအား လျှပ်စစ် ဦးစီးမှူးဌာနနှင့် အနာဂတ် စွမ်းအင် ကုမ္ပဏီ လီမီတက်တို့သည် စိုင်းတင်ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည် ဖေါ်ဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရုံးတွငင် နိုဝင်္ဘာလ ၅ရက်နေ့ ညနေက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စိုင်းတင်ရေတံခွန်မှာ ရခိုင်ပြည်နယ် တွင်အကြီးမားဆုံး ရေတံခွန် တခု ဖြစ်ပြီး ဘူးသီးတောင်မြို့နယ်တွင် တည်ရှိသည်။ လျှပ်စစ်ဓါတ်အား မီကာဝပ် ၇၀ ထိ ထုတ်လုပ်နိုင်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်း တွက်ချက်ထားသည်။

(more…)