Arakan Review

Learn from the masses, and then teach them.
Subscribe

Archive for the ‘ဆောင်းပါး’

လေတပ်မှ ခွက်ပျောက်စစ်ဗိုလ်များနဲ့ အနာဂါတ်တပ်မတော်

October 27, 2009 By: moe moe kyaw Category: ဆောင်းပါး

တပ်မတော် (ကြည်း/ရေ/လေ) စစ်တပ်အတွင်းက မညီမျှမှု၊ ဒီမိုကရေစီ ဆိတ်သုန်းမှု၊  လေတပ်ထဲမှာပင် စစ်တက္ကသိုလ် ကျောင်းဆင်းအရာရှိများနှင့် တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းဆင်း အရာရှိများကို အရာရှိချင်း အတူတူ အဆင့်အတန်း ခွဲခြားထားလို့ အခွင့်အရေး တန်းတူမရရှိကြမှု၊ ခွက်ပျောက် စစ်ဗိုလ်များကလည်း အသက် ကန့်သတ်ဖြင့် အရပ်ဘက်သို့ အပြောင်းခံရသည်ထက် တပ်မတော်သားပီသစွာ အဆင့်ဆင့်သော တပ်တွင်း ရာထူးကိုသာ လက်ခံထမ်းဆောင်ချင်ကြမှု စတဲ့ ယနေ့ တပ်မတော်တွင်းက ဖြစ်ရပ်မှန်တွေကို တင်ပြထားပါတယ်။ ယခုလို အခက်အခဲကြားမှ ဆောင်းပါး ပေးပို့လာတဲ့ ဆောင်းပါးရှင်ဝေဟင်အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ် ပါတယ်ခင်ဗျား။

(more…)

ဘင်္ဂလာဒေခ်ျ့-မြန်မာနယ်စပ် တင်းမာမှုနောက်ဆက်တွဲ သတင်းနှင့် လေ့လာသုံးသပ်ချက်

October 14, 2009 By: Mr Maung Nyo Category: ဆောင်းပါး

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ် အခြေအနေမှာ နှစ်ဖက် စစ်တပ်များကို ပိုမို တိုးချဲ့ ချထား လာနေကြသဖြင့် အခြေအနေမှာ တင်းမာလျက်ရှိသည်။

(မြန်မာဘက်က စစ်ရေးပြင်ဆင်မူများ)

နယ်စပ် စစ်ရေးဆိုင်ရာ သတင်းရပ်ကွက်အရ မြန်မာဘက်မှ နယ်စပ်တလျောက်ရှိ တောထဲများတွင် ယာယီ စစ်ရေး စခန်းများကို တည်ဆောက်နေပြီး အဆိုပါ တည်ဆောက်မူကို ကကကြည်း၏ ညွန်ကြားချက်အရ ပြုလုပ်နေခြင်း ဖြစ်သည်ဟု သိရသည်။

ပလက်ဝမြို့နယ် လက်ပံဝ စခန်း အပါအ၀င် နယ်စပ် စခန်းများကို အမာခံ ခံစစ်စခန်းအဖြစ် တည်ဆောက်နေပြီး အနီးအနားမှ ကျေးရွာသားများကို ပေါ်တာဆွဲ ခိုင်းစေလျက်ရှိသည်။ လက်ပံဝ စခန်းမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဘင်ဒရိုဘင်ခရိုင် တောင်ဘက်ပိုင်း အစွန်အဖျားတွင် တည်ရှိသော မော်တုတ်ကျေးရွာနှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသည်။

(more…)

ပထဝီ နိုင်ငံရေးတွင် အရေးပါသော မြန်မာ့စွမ်းအင်

June 26, 2009 By: Mr Maung Nyo Category: ဆောင်းပါး

ဝင်းအောင် (SGM)
ကြာသပတေးနေ့၊ ဇွန်လ 25 2009

ပထဝီ နိုင်ငံရေးတွင် အရေးပါသော မြန်မာ့စွမ်းအင်

ကမ္ဘာကြီး၏ မသေချာ၊ မရေရာလှသော စွမ်းအင်လိုအပ်ချက်အပေါ် နိုင်ငံဒေသတခုချင်းစီ၏ စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေးသည် ၎င်းနိုင်ငံ၏ စီးပွားရေး ဖွံဖြိုးတိုးတက်မှုနှင့် ချမ်းသာကြွယ်ဝမှုအတွက် အဓိက လက်တွေ့ကျသော အခန်းဏ္ဍမှ ပါဝင်ပေသည်။ ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ လောင်စာစွမ်းအင်ရရှိရေး တဟုန်ထိုး လိုက်လာနေကြသည်က မြန်မာ့နိုင်ငံရေးကို ရိုက်ခတ်စေတော့သည်။

၂၀၀၈ ခုနှစ် မေလတွင် တဟုန်ထိုး မြင့်တက်သွားသော လောင်စာဆီဈေးနှုန်းကြောင့် ကမ္ဘာတဝှမ်းရှိ စီးပွားရေး လုပ်ငန်းများ တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ အထူးသဖြင့် အာရှ စီးပွားရေးတက်သည့် ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံ အချို့ကိုပါ ရိုက်ခတ်သွားခဲ့သည်။ အာဆီယံဒေသတွင်လည်း ရေနံထုတ်လုပ်ရောင်းချသော မလေးရှားနှင့် ဘရူနိုင်းနိုင်ငံမှအပ ကျန်နိုင်ငံများ အားလုံးသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို မိမိနိုင်ငံ၏ စွမ်းအင်အတွက် အဓိက မှီခိုရသည့် အားလျော်စွာ ရေနံကုန်ဈေးနှုန်း မြင့်တက်ခြင်း၏ ဂယက်ရိုက်မှုကို ခံခဲ့ရပေသည်။

(more…)

ရခိုင်ပြည်နယ်၏ အဓိကကုန်သွယ်လမ်းကြောင်း မိုးဦးရာသီ မုန်တိုင်းအရှိန်ကြောင့် လမ်းပိတ်ဆို့မှုမျာ ရှိနိုင်သဖြင့် ခရီးသည်များ ရှောင်ကွင်းသွားလို

June 14, 2009 By: moe moe kyaw Category: ဆောင်းပါး

မြတ်နိုးအောင်
တောင်ကုတ်။

transportation-in-arakan-state4

ရခိုင်ပြည်နယ်မှ အခြားတိုင်းနှင့် ပြည်နယ်များသို့ ဆက်သွယ်ကူးသန်းနိုင်သော မော်တော်ကားလမ်း သုံးခုရှိသည့်အနက် တောင်ကုတ် တောင်ကြားလမ်း (Taunggoke Pass) ခေါ် ပြည်-တောင်ကုတ်လမ်းမှာ အသုံးပြုမှု အများဆုံးနှင့် အရေးပါဆုံးလမ်းဖြစ်သော်လည်း မိုးဦးရာသီတွင် တိုက်ခိုက်ခဲ့သော မုန်တိုင်းအရှိန်ကြောင့် လမ်းဆို့မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရှောင်ကွင်းသွားလိုကြကြောင်း ခရီးသည်များထံမှ သိရသည်။ (more…)

ရခိုင်ပြည်နယ်၌ ဖိနှိပ်မှုပြင်းထန်လာခြင်း

June 08, 2009 By: Mr Maung Nyo Category: ဆောင်းပါး

ပြည်သူ့သူရဲကောင်းများအုပ်စုမှ ပေးပို့သည်။

အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံး ဖြတ်ချက်ဖြင့်တောင်ကုတ်မြို့နယ် စည်းရုံးရေးအဖွဲ့ဝင်တာဝန်မှ ရပ်စဲခံထားရသော ဦးသန်းဖေသည် အာဏာ ပိုင်များနှင့် ပူးပေါင်းကာ ရခိုင်ပြည်နယ်စည်း ဒု-ဥက္ကဋ္ဌ၊ တောင်ကုတ်မြို့ နယ်စည်း ဥက္ကဋ္ဌ၊ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင်အား လွန်ခဲ့သည့် မေလဆန်းက တောင်ကုတ်မြို့ နယ်တရားရုံး၌ အသရေဖျက်မှု (ပုဒ်မ-၅၀၀) ဖြင့် တရားစွဲဆိုခဲ့သည်။ ယင်းအမှုအား မေလ (၁၄) ရက်နှင့် မေ လ (၂၉) ရက်နေ့များတွင် တရားရုံးချိန်းခေါ်ယူကာ လိုပြသက်သေ (၂) ဦးဖြစ်သော ဦးသန်းဖေနှင့် ဦးမျိုးမြင့် တို့အား စစ်ဆေးခဲ့ပါသည်။

(more…)

တန်ခိုးကြီးဘုရားများ ဖူးမြော်ရင်း ကုလားတန်မြစ်အလှကို ခံစားနိုင်မည့် ကျောက်တော်ခရီး

May 30, 2009 By: Mr Maung Nyo Category: ဆောင်းပါး

မောင်ကံ
ကျောက်တော်ဟုဆိုလျှင် ဦးစွာပထမ မဟာမြတ်မုနိဘုရားနှင့် ကျောက်တော်တောင်စေတီကို သတိရကြမည်ဖြစ်သည်။ ထို့နောက် ကုလားတန်မြစ်ကို ဖြတ်မိုးထားသော ဂစ္ဆပနဒီတံထားနှင့် ကျောက်တော်တောင်စေတီပွဲတွင် ကျင်းပပြုလုပ်သည့် ရခိုင်ရိုးရာပြိုင်လောင်းပွဲ၊ ကျင်ကိုင်ပွဲနှင့် ကုလားတန်မြစ်ထဲတွင် သမ္ဗာန်စက်လှေများဖြင့် ရေကစားနေကြသည့် ဒေသခံများကို ကျောက်တော်ဘုရားပွဲသို့ ရောက်ဖူးသူတိုင်း အမှတ်ရကြပေလိမ့်မည်။

(more…)

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ

May 03, 2009 By: Nay Chine Category: ဆောင်းပါး

ဆောင်းပါး
မင်းဟန်
ကြာသပတေးနေ့၊ ဧပြီလ 09 2009 16:44 - မြန်မာစံတော်ချိန်

(ဝ)

`ထီးမူးခီး`ရွာက ကျောက်ကြီးမြို့နယ်နှင့် ဖာပွန်မြို့နယ်အကြားရှိသည့် တောင်ပေါ်ရွာလေးဖြစ်သည်။ မြန်မာလိုပြန်လျှင်မူ `ရေချောင်းဖျား` ရွာဟု ဆိုရမည်။ ရွာက အိမ်ခြေ ၃ဝ ထက်မပို…..။ ကရင်လူမျိုးများသာ နေထိုင်ကြသည့် တောင်ပေါ် ကရင်ရွာလေးဖြစ်သည်။ လမ်းပန်းဆက် သွယ်ရေးက ခက်ခဲ၏။ တတောင်ဆင်း တတောင်တက် သွားရသည့် ခြေလျင်ခရီးသာ ရှိသည်။ စီးပွားရေးက မြေယာစီးပွားရေးသာ ရှိ၏။ တောင်ယာခုတ်၍ စပါးစိုက်မည်၊ နှမ်းစိုက်မည်။ ကုန်သွယ်ကူးသန်းရောင်းဝယ်မှု မရှိ…..။

ငါးပိ၊ ဆေး၊ ဆား ဝယ်လိုလျှင်….မူသယ်-ဗျက်ကောမှတဆင့် ကျောက်ကြီးသို့ဆင်းပြီး တနှစ်စာ ဝယ်ထားကြရ၏။ စာသင်ကျောင်း မရှိ၊ ဆေးပေးခန်း မရှိ။ ကိုးကွယ်မှုကား ရိုးရာနတ်ကိုးကွယ်မှုသာ ကိုးကွယ်ကြ၏။ ထိုရွာလေးတွင်…သူ့ကို ၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့ က မွေးဖွားခဲ့သည်။ ဖခင်က “စောဂယ်“၊ မိခင်ကမူ“နော်ဒါးဆဲ“ ဖြစ်သည်။ သူ့တွင် သူ အပါအဝင် မွေးချင်းညီနောင် ၁၂ ယောက်ရှိသည်။ သူကား ဆယ်ဦးမြောက် သားဖြစ်သည်။ သူ့အထက်တွင် အမ ၇ ယောက်ရှိသည်။ သူ့အောက်တွင်ကား ညီတယောက်နှင့် ညီမငယ် တစ် ယောက်ရှိ၏။ (more…)

ရခိုင်ပြည်တော်လှန်ရေး

April 28, 2009 By: Mr Maung Nyo Category: ဆောင်းပါး

(ဓညစံ)

၁၆ ကြိမ်မြောက် တော်လှန်ရေးနေ့ကြီး အတွက် ပြည်ထောင်စုတစ်ဝှမ်းလုံး သတိရကြရန်ဖြစ်သည်။ ဂျပန်တော်လှန်ရေးကို သရုပ် ဖော်ရာတွင် ရခိုင်အမျိုးသားတို့၏ တော်လှန်ခဲ့ကြပုံကို သီးသီးခြားခြား ဖြော်ပခဲ့လျှင် အချို့ချို့သော ပုဂ္ဂိုလ်များအမြင်ကျဉ်းသည်။ အမျိုးသားရေးဆန်သည်ဟု စွပ်စွဲကြမည် ဖြစ်သော်လည်း တော်လှန်ရေးနှင့်ပတ်သက်၍ ရခိုင်အမျိုးသားတို့ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ပုံကို ဖော်မပြလျှင် မဖြစ်ဟု စိတ်ထားမြင့်မြတ်သော မြန်မာအမျိုးသား မျိုးချစ်ပုဂ္ဂိုလ်များက ထင်မြင်ကြမည် မလွဲပေ၊

ရခိုင်မျိုးချစ်တော်လှန်ရေးသမားများ
မြန်မာရာဇ၀င်တွင် တော်လှန်ကြသည့် ဗမာ့မျိုးချစ်တို့ကဲ့သို့ ရခိုင်ရာဇ၀င်တွင်လည့် မိမိတိုင်းပြည်နှင့် မိမိတို့အမျိုးအတွက် တော်လှန်ခဲ့ကြပါသည်။ ဘုရင်မင်းဘာကြီး၊ မဟာပညာတော်တို့၏ စွမ်းရည်သတ္တိမှာ အနောက်ဘင်္ဂလားဒေ့ရှ် ၁၂ မြို့ကို စိုးပိုင်လာသော သူရတန်ဘုရင်အား တော်လှန်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုနည်းအတူ ဘုရင့်နောင် တပင်ရွှေထီးတို့ ရခိုင်ပြည်သို့ ကျူးကျော်ခဲ့စဉ်ကလည်း မင်းဘာကြီး၊ မင်းဖလောင်းနှင့် အပေါင်းအပါ မဟာပညာကျော်တို့ တော်လှန်ခဲ့ကြခြင်းပင် ဖြစ်ပါသည်။ (more…)

ရခိုင်လူအဖွဲ့အစည်း၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် ပြည်ထောင်စုအရေး

April 28, 2009 By: Mr Maung Nyo Category: ဆောင်းပါး

အောင်ကောင်းမွန်
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်

(၂ဝ) ရာစုနောက်ပိုင်းနှင့်(၂၁)ရာစုအဝင်ကာလများတွင် ကမ္ဘာ့လူ့ အဖွဲ့အစည်းသည် နိုင်ငံများ၊ လူမျိုးများအနေဖြင့် နိုင်ငံရေးနယ်ပယ်၌ သိသိသာသာ ပြောင်းလဲဖြစ်ပေါ်လျက်ရှိကြပေသည်။ အထူးသဖြင့် လူ့အဖွဲ့အစည်းများ၏ သီးခြားအတွေးအခေါ်နှင့် ဦးတည်ချက် ရည်မှန်းချက်များ၊ လုပ်ဆောင်ချက်များမှာ ယခင်ရာစုနှစ်များနှင့်မတူ အလွန်ထူးခြားစွာ ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိပေသည်။ ဤကဲ့သို့ ကမ္ဘာ့လူအဖွဲ့အစည်း တရပ်လုံး ထူးထူးခြားခြား၊ လူပ်လူပ်ရွရွ ပြောင်းလဲဖြစ်ပေါ်လျက်ရှိနေသောကာလတွင် ရခိုင်လူ့အဖွဲ့အစည်း၏ အမျိုးသားရေး လူပ်ရှားမှု အခြေအနေများကိုလည်း လေ့လာ ဆန်းစစ်ရန်လိုအပ်သကဲ့သို့ ကမ္ဘာ့လူ့အဖွဲ့အစည်းများ အရှိန်အဟုန်ဖြင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသောကာလတွင် ရခိုင်လူ့အဖွဲ့အစည်းသည် လူ့ အခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူမျိုးများတန်းတူရေး စသည့် အခွင့်ရေးများ ဆိတ်သုဉ်းပြီး အမှောင်ထုဖုံးလွှမ်းသော လူ့အဖွဲ့အစည်း၌ပင် ဆက်လက်နေလိုကြသလား၊ သို့မဟုတ် လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူမျိုးများ တန်းတူရည်တူ အခွင့်အရေးများ ပြည့်ဝသည့် အဖွဲ့အစည်းသစ်ကိုပင် လိုလားနှစ်သက်ကြသလား။ ဤမေးခွန်းသည် မိမိကိုယ်တိုင်နှင့်တကွ ရခိုင်လူ့အဖွဲ့အစည်းတခုလုံးကို မေးမြန်းဆန်းစစ်ရမည့် အခြေအနေပင်ဖြစ်ပေသည်။ (more…)

ရခိုင်ပြည်ကလောက်ကောင်များ

April 25, 2009 By: admin Category: ဆောင်းပါး, နိုင်ငံရေး

အော်…. အဖရခိုင်ပြည်ကြီးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နီကတ်တေ ရခိုင်မျိုးချစ် ရဲဘော်အပေါင်း သူရဲကောင်းရို့ …….ဗမာစစ်အာဏာရှင်တိက ရခိုင်ကို လုံးဝစိတ်မချရေ အတွက် နည်းလမ်းပေါင်းစုံသုံးပြီးကေ မဟာဗမာလူမျိုးကြီးဝါဒ ရာသက်ပန် စိုးမိုးရေးအတွက် အခိုင်အမာ တည်ဆောက်နီစော် တွိလာရရေ။ ရခိုင်ပြည်သူလူထု တရပ်လုံးက သူရို့ရေး ဆွဲထားရေ ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုပြင်းပြင်းထန်ထန် ဆန့် ကျင်ကန် ကွက်ရေ နောက် ပိုင်းမာ အဂုပိုင် အားနန့် မာန်နန့် လုပ်လာစော်တိရှိပါရေ။ ပထမ ၀န်ကြီး၊ ၀န်ချေတိ အစုံ အလင်ဆင်းပြီးကေ မြို့ ပြတိလောက်နန့်အားမရ၊ ကျွန်းရွာချေတိထိ စည်းရုံးရေး ဆင်းကတ်တေ။ ရခိုင်ပြည်ကို ဗမာသိမ်းစော် နှစ်ပေါင်း ၂၀၀ ကျော်ရှိပါဗျာယ် စက်ရုံလုပ်ရုံ တခုတလေ ချေမှမလုပ်ပီးခ။ လူမျိုးရောစီမံကိန်း ဆွဲပနာ ရန်ကုန်မာ စက်မှု ဇုံတိဖွင့်ပြီးကေ လူမျိုးပေါင်းစုံကို ဗမာဇာတ်သွင်းခရေ၊ အမျိုးသီလကို စောင့်ထိန်း ရေလူမျိုး ဖြစ်တေအတွက် ကပြားတိဖြစ်မလား စော်ကံကောင်းကေလေ့ ဘာသာစကားနန့် အမျိုးသားရေး စိတ်ဓာတ် စိချေ ပြောင်းလားခရရေ။ ရခိုင်အတွက်တခါတောင်မှဂရုမစိုက်ခစော် အေနိန့်ခါကျမှ ဇာဖြစ်လို့ ၀န်ကြီးတိကိုယ်တိုင် ဆင်းလာရစော်လဲ ။ တခါချေတောင် မကြားဖူးရေ ရထားလမ်း နေပြည် တော်သို့ဖောက်ဗျာယ် စည်းရုံးခရေ။ မီးရထားလမ်းချေကို တခါတောင် မမြင်ဖူးကေလေ့ အေမီးရထားလမ်းရေထမင်း ငတ်နီရေရခိုင်သားတိကို ထမင်းဝအောင်၊ အလုပ်မဟိလို့  ဗမာ ပြည်အပါအ၀င် အခြား တိုင်းပြည်တိကိုမိသားစုနန့် ခွဲပြီး အသီခံ လုပ်နီကတ်တေ ရခိုင်သားတိ ကိုယ့်ပြည်ကိုယ့်ရွာမာ အလုပ်ရနိုင်အောင် ဖန်တီး ပီးနိုင်ရေကောင်းပါဖို့ ။ (more…)