(ရွှေစိုင်းဒြား) ရခိုင်တေးခြင်းစီးရီးတိအကြောင်းကို ပြောဖို့ဆိုကေ “လှိုင်းလုံးချေ”စီးရီးကို ချန်လှပ်ထားလို့ မရပါ။ ကိုသန်းမောင်၊ ကိုညီအေး၊ မလတ်နန့် အဖွဲ့သူအဖွဲ့သားများ သီဆိုထားရေ “လှိုင်းလုံးချေ” စီးရီးကစပြီးကေ ရခိုင်တေးခြင်းစီးရီးတိကို ရခိုင်လူငယ်ချေတိ နားထောင် အားပီးလာကတ်စွာ ဖြစ်ပါရေ။ ယင်းနောက်ပိုင်း မြတ်ခိုင်ကျော်၏ “သူ့အကြောင်း”စီးရီးမှာ ပရိသတ်အားပီးမှုပိုများလာပါရေ။ အဂုပိုင် ရခိုင်လူငယ်တိ ရခိုင်တေးခြင်းကို နားထောင်ခံစား လက်ခံလာစွာနန့်အမျှ ရခိုင်အဆိုတော်တိလည်း တစ်ယောက်ပြီးကေ တစ်ယောက်ပေါ်ထွန်း လာပါရေ။ ယင်းအထဲမှာ ဝင်းကိုခိုင်၊ ခိုင်ကျော်လင်း၊ သိန်းထိုက်ဇော်၊ ခိုင်မိုး၊ ခိုင်ဇော်၊ ခိုင်မြတ်မင်း၊ စံဖော်သိန်း၊ ဦးမောင်သိန်း၊ ယုယုလှိုင်၊ ညှာစိမ်းခိုင်ရို့ရေ လက်ယှိ ထင်ရှားနီရေ အဆိုတော်တိဖြစ်ပါရေ။ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စတိုင်နန့်၊ သီဆိုရေ အဆိုသျှင်တိ ဟိရေပိုင် အချို့လည်း အောင်မြင်ပြီးသား အဆိုသျှင်တိပုံစံကို တုပြီးကေဆိုရေ အဆိုသျှင်တိလည်းဟိ ပါရေ။ ယင်းနီရာမှာ ဝင်းကိုခိုင်ကတော့ ကိုယ်ပိုင်ဟန်နန့် သီဆိုရပ်တည်လာရေ အဆိုသျှင် တယောက်ပါ။ “အမြင့်ကိုရောက်အောင်ပျံရေ ငှက်ပိုင်….. ကောင်းကင်ထဲမှာ တူတူပျံသန်းရေ. ရက္ခတိုင်းက အားကောင်းမောင်းသန်အဝေ….သူငယ်ချင်းရို့လေ” ဆိုရေ တေးခြင်းစာသားနန့် ရခိုင်လူငယ် ပရိသတ်ဘက်ကို မိတ်ဆက်ဝင်ရောက်လာစွာဖြစ်ပါရေ။ အဂုအချိန်မှာ ဝင်းကိုခိုင် ရေ ရခိုင်အဆိုသျှင်တိထဲမှာ ထိပ်ဆုံးအဆင့်ကို ရောက်နီရေလို့ဆိုကေ မှားဖို့မထင်ပါ။ ယေဂေလည်း ဒေအဆင့်ကို အလွယ်တကူရောက်ယှိလာစွာတော့ မဟုတ်ပါ။ သူ၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့်ပင် ဖြစ်ပါရေ။
တေးရွီ၊ တေးဆို- ဝင်းကိုခိုင်နန့် မြောက်ဦးမဂ္ဂဇင်းအမှတ်(၃) စာမျက်နှာအတွက် သူ၏အနုပညာနန့် ပတ်သက်တေအမြင်တိနန့်၊ အောင်မြင်မှုတိအပေါ် သဘောထားကို တွိဆုံ မီးမြန်းခွင့်ရဟိခပါရေ။ အနုပညာသမားတစ်ယောက် ကြိုးစားပန်းစား တည်ဆောက်ထားရေ ဘဝပန်းချီကားတချပ်ကို စားခံးကြည့်ကတ်စီချင့်လို့ စားချစ်သူတိအတွက် ဖေါ်ပြပီးလိုက်ပါရေ။
မိန်း။ ကိုဝင်းကိုခိုင်အနီနန့် အကို့ Biography ကို ပြောပြပီးပါ။
- ကျွန်တော့်နာမည်အရင်းက “ဝင်းကို”၊ မိဖနှစ်ပါးအမည်က ဦးသန်းရွှေနန့် ဒေါ်သောင်းခင်၊ မြီးသကၠရာဇ္က (၂၆-၈-၇၀)၊ မြီးဇာတိက တောင်ကုတ်မြို့နယ်၊ ခရိုင်ရွာ။
(more…)