Arakan Review

Learn from the masses, and then teach them.
Subscribe

Archive for the ‘ပြည်တွင်း’

တောင်ကုတ်-ကျောက်ဖြူကားလမ်း ယာဉ်ကြီးများဖြတ်သန်းခွင့် ယာယီရပ်ဆိုင်း

July 21, 2009 By: moe moe kyaw Category: ပြည်တွင်း

မြတ်နိုးအောင်

ရန်ကုန်-ကျောက်ဖြူလမ်းမကြီးရှိ မအီ-ကျောက်ဖြူလမ်းပိုင်းအား ယခုနှစ် ဇွန် ၁ ရက်မှ စက်တင်ဘာလကုန်ထိ ယာဉ်ကြီးများ ဖြတ်သန်းခွင့် ခေတ္တပိတ်ထားကြောင်း မအီ-ကျောက်ဖြူလမ်း ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီးရုံးမှ တရားဝင်စာထုတ်ပေးကြောင်း သိရသည်။

ရမ်းဗြဲမြို့ ၊ကျောက်ဖြူမြို့ ၊အပါအ၀င် ဒေသတွင်းမြို့ နယ် ငါးမြို့ နယ်အား စီမံဆောင်ရွက်ရသည့် တောင်ကုတ်မြို့နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီဌာနကလည်း ဇွန် ၁ ရက်,ရက်စွဲနှင့် ၁၃ တန်အထက် ယာဉ်ကြီးများ မအီ-ကျောက်ဖြူလမ်းပိုင်တွင် မိုးရာသီအတွင်း သွားလာခွင့်မပြုကြောင်း အကြောင်းကြားစာထုတ်ဝေခဲ့သည်။
(more…)

တောကြက်ဖများအား ဖမ်းဆီးရောင်းချခြင်း တားမြစ်ရန်လို

July 19, 2009 By: moe moe kyaw Category: ပြည်တွင်း

မောင်သန်းဝင်း

အလျှားအရှည်မိုင် ၂၈၀ ကျော်ရှိသော ရခိုင်ရိုးမတောင်တန်း တောင်ကုတ်ဝန်းကျင်၌ တောရိုင်းတိရစ္ဆာန် တစ်မျိုးဖြစ်သည့် တောကြက်ဖများအား တည်ကြက်အဖြစ်စိန်ခေါ် ဖမ်းဆီးကာ ကြက်ဈေးကွက်များသိုပ ရောင်းချမှုများရှိလာကြောင်း သိရသည်။

တောကြက်ဖမှာ သဘာဝအကောင်အရေနည်းပါးပြီး၊ ကြက်ဖအကောင်ရေ ဆယ့်နှစ်ကောင်ခန့်တွင် တစ်ကောင် လောက်သာတွေ့ရလေ့ရှိကာ အခြေချကျက်စားနေထိုင်ရာ တောတောင်ဧရိယာတစ်ဝိုက်တွင် ကြက်ဘုရင်အဖြစ် ကြီးစိုးလေ့ရှိသည်။
(more…)

စစ်တွေမြို့  ငါး၊ ပုစွန်ကုန်စည်ဒိုင် ဖွင့်လှစ်

July 18, 2009 By: moe moe kyaw Category: ပြည်တွင်း

ရဲပန်ဇင်း

စစ်တွေမြို့  ငါး၊ ပုစွန်ကုန်စည်ဒိုင်ကို အဖွဲဝင် ၃၂ ဦးဖြင့် ပါဝင်ဖွဲစည်းခဲ့သည်။ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ထုံးလုပ်ငန်းများနှင့်အညီ ပုစွန်ထုတ်လုပ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရောင်းဝယ်တင်ပို့ခြင်း လုပ်ကိုင်ကြသူများအားလုံး နိုင်ငံတကာအဆင့်မီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြပြီး ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန်အတွက် စီမံဆောင်ရွက်ပေးသွားရန် ရည်ရွယ်ကြောင်းသိရသည်။
(more…)

ရှေ့ဟောင်းစေတီပုထိုးများအား မူလပုံစံအတိုင်းသာ ပြုပြင်ရမည်

July 16, 2009 By: moe moe kyaw Category: ပြည်တွင်း

မြင့်မြတ်ဖြူ

ရှေ့ဟောင်းယာဉ်ကျေးမှု နယ်မြေတစ်ခုဖြစ်သည့် မြောက်ဦးမြို့ရှိ ရှေ့ဟောင်းစေတီပုထိုးများကို ပြန်လည်းပြုပြင်လှူဒါန်း လိုသူများ အနေဖြင့် ရှေ့ဟောင်းသုတေသနဌာနမှ ရှေ့ဟောင်းမူမပျက်စေရန် မူလစေတီပုထိုးပုံစံအတိုင်းသာ တည်ဆောက်ခွင့်ပြုမည် ဖြစ်ကြောင်း ရှေ့ဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသဌာနခွဲ၊ မြောက်ဦးမြို့မှ အကြီးတန်းအင်ဂျင်နီယာ တစ်ဦးကပြောသည်။
(more…)

ကိုယ့်အားကိုယ်ကိုး မျက်မမြင်ပညာသင်ကျောင်း ဖွင့်လှစ်ရေးဆွေးနွေး

July 14, 2009 By: moe moe kyaw Category: ပြည်တွင်း

ကေသရီး

စစ်တွေမြို့တွင် ကိုယ့်အားကိုယ်ကိုး မျက်မမြင် ပညာသင်ကျောင်း ထူထောင်ဖွင့်လှစ်နိုင်ရေး အတါက် ဇွန် ၁၄ ရက်က စစ်တွေမြို့ မဏိရတနာ ဘုန်းတော်ကြီးကျောင်းတွင် ဆွေးနွေးပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့ပေါ် ရပ်ကွက်များမှ လူမှုရေးစိတ်ပါဝင်းစားသူများ တက်ရောက်ခဲ့ကြပြီး ဥက္ကဌဦးအောင်ကျော်သာ အတွင်းရေးမှူး ဦးရွှေကျော်သာ တို့ပါဝင်သော ကိုယ့်အားကိုယ်ကိုး မျက်မမြင် ပညာဝင်ကျောင်း ဖြစ်မြောက်ရေး ကော်မတီ တစ်ရပ်ကို ဖွဲစည်းခဲ့ကြောင်း သိရသည်။
(more…)

ဆားနှင့် အပိုဓာတ်ဆား ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင်

July 03, 2009 By: moe moe kyaw Category: ပြည်တွင်း

ကေသရီး

စစ်တွေ။ သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏ၀ါဓာတုဗေဒ ပစ္စည်း ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ဆားနှင့် အပိုဓာတ်ဆားများ ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားကြရန် ကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ဆားနှင့်အပိုဓာတ်ဆားထုတ်လုပ်မှု လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လိုသူများသည် ဆားလုပ်ငန်းဥပဒေအရ ၂၀၀၉-၂၀၁၀ ပြည့်နှစ် အတွက် ထုတ်လုပ်ခွင့်လိုင်စင်များကို ဇွန် ၁ ရက်မှ ဩဂုတ် ၃၁ ရက် အတွင်း သက်ဆိုင်ရာ ရုံးခွဲများ၌ လျှောက်ထာားာရမည် ဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ကျောက်ဖြူ ရုံးခွဲ၌ ဆက်သွယ်လျှောက်ထားကြရမည်ဖြစ်သည်။
(more…)

ပြည်ကောက်ညှင်းဆန်များ စစ်တွေဈေးကွက်ဝင်

July 01, 2009 By: moe moe kyaw Category: ပြည်တွင်း

ကေသရီ

မုန့်ပဲသရေစာများပြုလုပ်ရာတွင် အများဆုံးအသုံးပြုသည့် ကောက်ညှင်းဆန်များ ပြည်မှတစ်ဆင့် စစ်တွေဈေးကွက်သို့ ရောက်ရှိလာကြောင်း သိရသည်။ စစ်တွေဈေးကွက်အတွင်း မြေပုံမြို့ နယ် တမ်းထောင်းကြီး သရက်တောင်ကျေးရွာများမှ ကောက်ညှင်းဆန်များကို တင်ပို့ရောင်းချလေ့ရှိသည်။

ကောက်ညှင်းဆန်ဈေးမှာ လွန်ခဲ့သည့်နှစ်နှစ်ကျော် သုံးနှစ်ခန့်မှ စ၍ မြင့်တက်လာနေပြီး သာမန်စားဆန်ထက် ဈေးကြီးမြင့်နေကြောင်း သိရသည်။
(more…)

လက်မထပ်မီ သွေးစစ်သည့် စုံတွဲ မရှိသလောက် နည်းပါး

July 01, 2009 By: moe moe kyaw Category: ပြည်တွင်း

ဂျွန်ကိုလင်း

စစ်တွေမြို့ ၌ ဖွင့်လှစ်ထားသည့် ဟော်လန်အခြေစိုက် နယ်စည်းမထား ဆရာဝန်များ အသင်း၏ သဇင်ဆေးခန်း၌ လက်မထပ်မီ လာရောက်သွေးစစ်သည့် စုံတွဲများမရှိသလောက် နည်းပါးနေသေးကြောင်း အဆိုပါအသင်းမှ ၀န်ထမ်းတစ်ဦးကပြောသည်။ အဆိုပါ သဇင်ဆေးခန်း၌ နေ့စဉ် အစာအဟာရ ငှက်ဖျားနှင့် အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ရောဂါများနှင့် ပတ်သက်သည့် လူနာများအား အခမဲ့သွေးစစ်ဆေးခြင်းနှင့် ဆေးဝါးကုသခြင်းအပြင် နှစ်သိမ့်ပညာပေး လုပ်ငန်းများအား လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
(more…)

မြို့ နယ်လေးမြို့ နယ်၌ အော်တိုအိတ်ချိန်းများ ထပ်မံတိုးချဲ့ရန်စီစဉ်

June 28, 2009 By: moe moe kyaw Category: ပြည်တွင်း

ညိုသဏ်း

ရခိုင်ပြည်နယ် အတွင်း တယ်လီဖုန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေရန်အတွက် ကျော်တော်၊မင်းပြား၊ ဂွ နှင့် ဘူးသီးတောင် မြို့ နယ်များ၌ အော်တိုအိတ်ချိန်းများနှင့် စုစုပေါင်းလိုင်းအင်အား ၁၅၀၀ကို ထပ်မံတိုးချဲ့ ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လက်ရှိအခြေနေတွင်ရခိုင်ဒေသအတွင်း၌စစ်တွေ၊အမ်း၊ကျောက်ဖြူ၊သံတွဲ၊မြောက်ဦး၊မောင်တော၊မြေပုံ၊မာန်အောင်၊ တောင်ကုတ်၊ ကျောက်တော်၊ နှင့်ဂွမြို့နယ်များတွင် ဂျီအက်စ်အမ်စနစ်နှင့် CDAM-450 စနစ်သုံး မိုဘိုင်းလ်ဖုန်းများကို တိုးချဲတပ်ဆင်ထားပြီး ဖြစ်ရာ စုစုပေါင်းလိုင်းအင်အား ၁၆၇၅၀ တပ်ဆင်ထားပြီဖြစ်ကြောင်း သိရသည်။
(more…)

သွေးလွန်တုပ်ကွေး ဝမ်းပျက်ဝမ်းလျှောစစ်ဆေး

June 28, 2009 By: moe moe kyaw Category: ပြည်တွင်း

ကေသရီး

ရခိုင်ပြည်နယ် စစ်တွေမြို့ နယ် ကျန်းမာရေးဦးစီးဌာန မြို့ နယ်ဆရာဝန်ကြီး ဦးဆောင်၍ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများသို့ ကျန်းမာရေး ဝန်ထမ်းများကွင်းဆင်းကာ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
(more…)