Arakan Review

Learn from the masses, and then teach them.
Subscribe

Archive for April, 2009

နစကနှင့် အရပ်သား တဦး ဓါထိုးမူ ဖြစ်၍ မောင်တော ဆေးရုံသို့ရောက်

April 30, 2009 By: admin Category: သတင်း

4/29/2009

မောင်တောမြို့ ရွှေဇားရပ်ကွက် ကပ်ပကောင်းရွာတွင် နစက တဦးနှင့် အရပ်သား အစ္စလာမ်ဘာသာဝင် တဦး ရန်ဖြစ်ရာမှ တဦးကို တဦး ဓါးနှင့်ထိုးသဖြင့် နှစ်ဦးစလုံးကို မောင်တောဆေးရုံသို့ ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။

ဒဏ်ရာ ရရှိသူ နစက တပ်ဖွဲ့ဝင်၏ အမည်ကို မသိရသော်လည်း နစက တပ်သားမှာ အဖွဲ့တပ် (၁)မှ ဆေးတပ်သား တဦးဖြစ်သည်ဟု မောင်တော မြို့ခံ တဦးက ပြောသည်။

(more…)

မောင်တောတွင် အမျိုးသမီးငယ် တဦး မုဒိမ်းကျင့်ခံရ

April 30, 2009 By: admin Category: သတင်း

4/30/2009

မောင်သစ်အောင် (နိရဉ္စရာ) မောင်တောမြို့နယ် သရီ ကုန်းဘောင် ကျေးရွာမှ အသက် ၁၇ အရွယ် ရခိုင် အမျိုးသမီးငယ် တဦးကို လုံခြုံရေး တာဝန်ယူထားသည့် နစက ဗိုလ်အဆင့် ရှိသူ တဦးက ဗလက္ကာရ ပြုကျင့်ခဲ့သည်ဟု သူမ၏ ဆွေမျိုး တဦးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော် တူမလေးကို ဗလက္ကာရ ပြုကျင့်တဲ့သူက နစက တပ်ဖွဲ့မှ ဒုဗိုလ် စောလွင် ဖြစ်ပါတယ်။ ခြံစည်းရိုးကာရံနေတဲ့ စစ်သားတွေကို လုံခြုံရေး ယူနေတဲ့ အဖွဲ့က ဖြစ်ပါတယ်။”

(more…)

ရခိုင်ပြည်တော်လှန်ရေး

April 28, 2009 By: Mr Maung Nyo Category: ဆောင်းပါး

(ဓညစံ)

၁၆ ကြိမ်မြောက် တော်လှန်ရေးနေ့ကြီး အတွက် ပြည်ထောင်စုတစ်ဝှမ်းလုံး သတိရကြရန်ဖြစ်သည်။ ဂျပန်တော်လှန်ရေးကို သရုပ် ဖော်ရာတွင် ရခိုင်အမျိုးသားတို့၏ တော်လှန်ခဲ့ကြပုံကို သီးသီးခြားခြား ဖြော်ပခဲ့လျှင် အချို့ချို့သော ပုဂ္ဂိုလ်များအမြင်ကျဉ်းသည်။ အမျိုးသားရေးဆန်သည်ဟု စွပ်စွဲကြမည် ဖြစ်သော်လည်း တော်လှန်ရေးနှင့်ပတ်သက်၍ ရခိုင်အမျိုးသားတို့ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ပုံကို ဖော်မပြလျှင် မဖြစ်ဟု စိတ်ထားမြင့်မြတ်သော မြန်မာအမျိုးသား မျိုးချစ်ပုဂ္ဂိုလ်များက ထင်မြင်ကြမည် မလွဲပေ၊

ရခိုင်မျိုးချစ်တော်လှန်ရေးသမားများ
မြန်မာရာဇ၀င်တွင် တော်လှန်ကြသည့် ဗမာ့မျိုးချစ်တို့ကဲ့သို့ ရခိုင်ရာဇ၀င်တွင်လည့် မိမိတိုင်းပြည်နှင့် မိမိတို့အမျိုးအတွက် တော်လှန်ခဲ့ကြပါသည်။ ဘုရင်မင်းဘာကြီး၊ မဟာပညာတော်တို့၏ စွမ်းရည်သတ္တိမှာ အနောက်ဘင်္ဂလားဒေ့ရှ် ၁၂ မြို့ကို စိုးပိုင်လာသော သူရတန်ဘုရင်အား တော်လှန်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုနည်းအတူ ဘုရင့်နောင် တပင်ရွှေထီးတို့ ရခိုင်ပြည်သို့ ကျူးကျော်ခဲ့စဉ်ကလည်း မင်းဘာကြီး၊ မင်းဖလောင်းနှင့် အပေါင်းအပါ မဟာပညာကျော်တို့ တော်လှန်ခဲ့ကြခြင်းပင် ဖြစ်ပါသည်။ (more…)

ရခိုင်လူအဖွဲ့အစည်း၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် ပြည်ထောင်စုအရေး

April 28, 2009 By: Mr Maung Nyo Category: ဆောင်းပါး

အောင်ကောင်းမွန်
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်

(၂ဝ) ရာစုနောက်ပိုင်းနှင့်(၂၁)ရာစုအဝင်ကာလများတွင် ကမ္ဘာ့လူ့ အဖွဲ့အစည်းသည် နိုင်ငံများ၊ လူမျိုးများအနေဖြင့် နိုင်ငံရေးနယ်ပယ်၌ သိသိသာသာ ပြောင်းလဲဖြစ်ပေါ်လျက်ရှိကြပေသည်။ အထူးသဖြင့် လူ့အဖွဲ့အစည်းများ၏ သီးခြားအတွေးအခေါ်နှင့် ဦးတည်ချက် ရည်မှန်းချက်များ၊ လုပ်ဆောင်ချက်များမှာ ယခင်ရာစုနှစ်များနှင့်မတူ အလွန်ထူးခြားစွာ ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိပေသည်။ ဤကဲ့သို့ ကမ္ဘာ့လူအဖွဲ့အစည်း တရပ်လုံး ထူးထူးခြားခြား၊ လူပ်လူပ်ရွရွ ပြောင်းလဲဖြစ်ပေါ်လျက်ရှိနေသောကာလတွင် ရခိုင်လူ့အဖွဲ့အစည်း၏ အမျိုးသားရေး လူပ်ရှားမှု အခြေအနေများကိုလည်း လေ့လာ ဆန်းစစ်ရန်လိုအပ်သကဲ့သို့ ကမ္ဘာ့လူ့အဖွဲ့အစည်းများ အရှိန်အဟုန်ဖြင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသောကာလတွင် ရခိုင်လူ့အဖွဲ့အစည်းသည် လူ့ အခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူမျိုးများတန်းတူရေး စသည့် အခွင့်ရေးများ ဆိတ်သုဉ်းပြီး အမှောင်ထုဖုံးလွှမ်းသော လူ့အဖွဲ့အစည်း၌ပင် ဆက်လက်နေလိုကြသလား၊ သို့မဟုတ် လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူမျိုးများ တန်းတူရည်တူ အခွင့်အရေးများ ပြည့်ဝသည့် အဖွဲ့အစည်းသစ်ကိုပင် လိုလားနှစ်သက်ကြသလား။ ဤမေးခွန်းသည် မိမိကိုယ်တိုင်နှင့်တကွ ရခိုင်လူ့အဖွဲ့အစည်းတခုလုံးကို မေးမြန်းဆန်းစစ်ရမည့် အခြေအနေပင်ဖြစ်ပေသည်။ (more…)

BACKGROUNG OF THE ROHINGYA PROBLEM

April 28, 2009 By: Maung Saw Aye Category: English Articles

BY:KYAW ZAN THA,M.A

EARLY MUSLIMS IN THE KNIGDOM OF RAKHINE (ARAKAN)

Dynasty in Rakhine (Arakanese) history, stretched from Chittagoung in the North to Thanlyin (Syriam) in the South until it lost the whole of Chittagoung down to the River Naaf (Nat River) to Mughal in 1666. Some chittagonian Muslims however remained settled in the Kingdom of Rakhine (Arakan). These were the earliest Muslim settlers in the Kingdom of Rakhine and known as the Kamans.

MUSLIM IMMIGRATION DURING COLONIAL PERIOD

During the colonial period Chittagonian Muslims or Bengalis came to the land of Rakhine freely to get employed in the developing cultivation there which was part of the then Brithish economics policy. In Sittwe (Akyab), for instance, from a few hundred inhabitants the population had steadily increased and even within the last decade of the 19th century the growth had been continuous as the census figures plainly show: (more…)

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာမြို့မှ ကားတိုက်မှုနှစ်ခု

April 28, 2009 By: Nay Chine Category: သတင်း

ဧပြီ ၂၇၊ ၂၀၀၉။

နေရှိုင်း

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်၊ ဆုန်ခလာမြို့မှာ ရခိုင်အမျိုးသားတစ်ဦး ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က ထိုင်းနိုင်ငံသားပိုင် ဆလွန်းကားတစ်စီးကတိုက်လို့ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူမှာ ရခိုင်ပြည် မြောက်ဦးမြို့နယ်၊ ပီပင်ကုန်းကျေးရွာ က ကိုမောင်သောင်းရွှေ ဆိုသူဖြစ်ပြီး အသက် ၃၅ နှစ်ရှိပါပြီ။ အခင်းဖြစ်ပွါးပုံမှာ သေဆုံးသူ အလုပ် လုပ်သည့်  ငါးအရိုးနွှာခြင်း အစရှိတဲ့ ငါးလုပ်ငန်းကိုလုပ်သော ဆုန်ခလာကန်းနီး စက်ရုံရှေ့ ကားလမ်းမကို ဖြတ်ကူးရာမှာ အဆိုပါကားနဲ့ တိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။ သေဆုံးချိန်ဟာ ည ၈ နာရီခွဲခန့်ရှိပြီလို့ သိရပါတယ်။ (more…)

ပလက်ဝနယ်မြို့နယ်မှ ရွာလူကြီး ၃ ဦး ပြန်ပေးဆွဲခံရ

April 28, 2009 By: admin Category: သတင်း

4/28/2009

မင်းအောင် (နိရဉ္စရာ) ချင်းပြည်နယ် ပလက်ဝမြို့နယ် ဘင်္ဂလာနယ်စပ် အနီး ကျေးရွာ နှစ်ရွာမှ ရယက ဥက္ကဌနှစ်ဦးနှင့် ရွာသားတဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ပြန်ပေးဆွဲခံရပြီးနောက် သူတို့ ၃ ဦးမှာ ယခုတိုင် ပျောက်ဆုံးနေကြောင်း ပြိုင်စော်ရွာ ဥက္ကဌ၏ ဆွေမျိုး တဦးက ပြောသည်။

“ သူတို့ကို လိုက်ရှာဖို့အတွက် ဘင်္ဂလာနယ်စပ်ကို ရောက်လာတုန်း အကြောင်းကြား ခဲ့ပါတယ်။ ဒီလ ၂၄ ရက်နေ့ ညနေ ၇ နာရီလောက်မှာ လူ ၁၁ ဦး လက်နက် အပြည့် အစုံနဲ့ ကျနော်တို့ရွာကို ၀င်လာပြီး ဥက္ကဌကို ဖမ်းခေါ်သွားပါတယ်။ ကြက်နှစ် ကောင်နဲ့ ဆန် ၂ တောင်းကို တောင်းပြီး သူကို ခေါ်သွားတာ ဖြစ်ပါတယ်။ နောက်ပြီး မြောင်ရွာက တအိမ် ကို ဆန် ၂ တောင်းစီ တောင်းပြီး ဥက္ကဌနဲ့နောက် တဦးကိုလည်း ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ ” (more…)

စစ်တွေ-ကျောက်တော်ကားလမ်းရှိ သစ်သားတံတားများကို ကွန်ကရစ်ပြောင်းလဲ

April 27, 2009 By: admin Category: သတင်း

စစ်တွေ-ကျောက်တော် မော်တော်ကားလမ်းပိုင်း၌ကျရောက်သည့် ချောင်း၊ မြောင်း၊ တံတားငယ် များမှာ သစ်သားတံတားအများစုဖြစ်ခြင်း ကြောင့် အဆက်မပြတ်သွားလာနေ သည့်ခရီးသည်နှင့် ကုန်တင်ကားများ လုံခြုံစိတ်ချစွာဖြတ်သန်းသွား လာနိုင်ရန်အတွက် ကွန်ကရစ်တံတားများ အဖြစ် ပြောင်းလဲတည်ဆောက် လျက်ရှိကြောင်းသတင်းရရှိပါသည်။

စစ်တွေ-ကျောက်တော် လမ်း ပိုင်းမှာ မိုင်(၆၅)ကွာဝေးပြီး နေ့စဉ် ခရီးသည်နှင့် ကုန်တင်ကား ၁၀ စီး ခန့် သွားလာလျက်ရှိသည်။ အဆိုပါ လမ်းပိုင်းတွင် တောင်ကျချောင်းများ ကို ဖြတ်ထိုးထားသည့် တံတားများ မှာ ခံနိုင်ရည်ရှိရန်လိုအပ်ပြီး လုံခြုံ စိတ်ချစွာ မော်တော်ကား များဖြတ် သန်းနိုင်ရန်အတွက် တည်ဆောက် ဆဲ ကွန်ကရစ်တံတားများကို သတ် မှတ်ကာလ အတွင်း အပြီးသတ်ရန် အရှိန်အဟုန်မြှင့်တည်ဆောက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

သားရွှေဦး(ကစ္ဆပ)

ရခိုင်ပြည်နယ်အတွင်း ရထားများကို တာတိုစနစ်ဖြင့် မကြာမီပြေးဆွဲပေးတော့မည်

April 27, 2009 By: admin Category: သတင်း

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းတွင်ပါဝင်သော စစ် တွေ-အမ်း-ဧရာဝတီတိုင်းတို့ကို ဆက်သွယ်မည့် ရထားလမ်းအား ဖေဖော်ဝါရီလမှ စတင်ဖောက်လုပ် လျက်ရှိရာ မကြာမီကာလအတွင်း မီးရထားများအား တာတိုစနစ်ဖြင့် စတင် ပြေးဆွဲပေးတော့မည်ဖြစ် ကြောင်း သိသည်။

အဆိုပါ ရထားလမ်းသည် ရခိုင်ပြည်နယ်အတွင်း စစ်တွေမှ စ၍ ပုဏ္ဏားကျွန်း-ကျောက်တော်-မြောက်ဦး- မင်းပြားမြို့နယ်နှင့် အမ်း မြို့နယ်တို့ကိုဖြတ်သန်းလျက် မင်း ဘူးမှတစ်ဆင့် ဧရာဝတီတိုင်းရှိ ရထားလမ်းနှင့်ဆက်သွယ်သွားမည် ဖြစ်ကြောင်း သိရသည်။ သို့သော် လည်း မြစ်ချောင်းများကို ဖြတ်သန်း ရာတွင် လွယ်ကူချောမွေ့မှုမရှိသေး သဖြင့် တာတိုစနစ်ကိုအသုံးပြုပြေး ဆွဲသွားမည်ဖြစ်ကြောင်း ပထ၀ီအ နေအထားအရ ရခိုင်ပြည်နယ်သည် တောတောင်မြစ်ချောင်းများပေါများ ခြင်းကြောင့် ခက်ခက်ခဲခဲဖောက်လုပ် သွားရမည်ဖြစ်ရာ ခေတ်မီစက်ကိရိ ယာများကိုအသုံးပြုလျက် ရထား ကွန်ရက်ဖြစ်စေရန်အတွက်အချိန်ယူ ဖောက်လုပ်သွားရဖွယ်ရှိကြောင်း လည်း သိရသည်။ (more…)

ကျောက်တော်တောင် ဘုရားပွဲနှင့်အတူ ရေပေါ် သင်္ကြန်ပွဲတော်ကျင်းပမည်

April 27, 2009 By: admin Category: သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော် တောင်ဘုရားပွဲနှင့်အတူ ရေပေါ် သင်္ကြန်ပွဲတော်ကိုမေလ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်နေ့များတွင် စဉ်လာ မပျက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဧပြီလ ၃၀ရက်နေ့တွင် ပဋ္ဌာန်း ပရိတ်တော်များရွတ်ဖတ် ပူဇော်မည် ဖြစ်ပြီး ပွဲတော်ရက်တွင် ရခိုင်ရိုးရာ ကျင်ပွဲ၊ လောင်းပြိုင်ပွဲကို ထည့်သွင်း ကျင်းပမည်ဟု သိရသည်။ ကျောက်တော် တောင်ဘုရား ပွဲတွင် လှေပြိုင်ပွဲ ကျင်းပစဉ်အတွင်း အပျော်စီးငှက်သမ္ဗန်စီးပြီး ရေကစား ကြကြောင်းသိရသည်။

ယင်းဘုရားပွဲတွင် ရခိုင်ပြည်နယ်၏ ဒုတိယသင်္ကြန်အဖြစ် ဆင်နွှဲ သူများ ပြားကြောင်း သိရသည်။

သားရွှေဦး(ကစ္ဆပ)