Arakan Review

Learn from the masses, and then teach them.
Subscribe

Archive for May, 2009

မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ

May 31, 2009 By: Mr Maung Nyo Category: သတင်း

5/30/2009

မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦးကို ခိုးဝင်လာစဉ် ဖမ်းမိသဖြင့် ဘင်္ဂလာရိုင်ဖယ်( ဘီဒီအာရ်) တပ်ဖွဲ့မှ မြန်မာနိုင်ငံသို့ ယနေ့တွင် ပြန်လည်နှင်ထုတ်လိုက်သည်။

တက်ကနက်မြို့ အခြေစိုက် အမှတ် (၄၂) ဘီဒီအာရ် တပ်ရင်းမှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး အဘဒူလ် ခါလစ်မှ အဆိုပါ နှင်ထုတ်လိုက်မူကို အတည်ပြု ပြောကြားလိုက်ပြီး နှင်ထုတ်ခံရသူများအထဲတွင် အမျိုးသမီး ၁၀ ဦး၊ ကလေး ၂၀ ဦးနှင့် ကျန်သူများမှာ အမျိုးသားများ ဖြစ်သည်ဟု ပြောသည်။

(more…)

ရခိုင်ဒေသ၌ မြေပုံမြို့သည် ဒီရေတောစိုက်ပျိုးမှု အများဆုံးဖြစ်

May 30, 2009 By: Mr Maung Nyo Category: သတင်း

ဂျွန်ကိုလင်း
မြေပုံ
ရခိုင်ကမ်းရိုးတန်းရှိ မြို့ နယ် ၁၇ မြို့ နယ်အနက် မြေပုံမြို့ သည် ဒီရေတောစိုက်ပျိုးပေါက်ရောက်မှု အများဆုံးဖြစ်လာခဲ့ကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

ရခိုင်တစ်ပြည်နယ်လုံး၌ ဒီရေတော ဧကပေါင်း ၄၁၃၈၅၀ ပေါက်ရောက်လျက်ရှိရာ မြေပုံမြို့ ၌ ဆားငန်ရေ၀င်ရောက်နိုင်သည့် ဒီရေတောဧကပေါင်း ၁၀၇၆၇၀ ဧကဖြင့် အများဆုံးရှိပြီး သံတွဲတွင် ဒီရေတောဧကပေါင်း ၉၈၆၀ ဧကဖြင့် ဒုတိယရှိကာ တောင်ကုတ်မြို့ နယ်သည် တတိယဒီရေတောပေါက်ရောက်မှု အများဆုံးအဖြစ် ၉၂၀၆ ဧကရှိကြောင်းသိရသည်။

(more…)

တန်ခိုးကြီးဘုရားများ ဖူးမြော်ရင်း ကုလားတန်မြစ်အလှကို ခံစားနိုင်မည့် ကျောက်တော်ခရီး

May 30, 2009 By: Mr Maung Nyo Category: ဆောင်းပါး

မောင်ကံ
ကျောက်တော်ဟုဆိုလျှင် ဦးစွာပထမ မဟာမြတ်မုနိဘုရားနှင့် ကျောက်တော်တောင်စေတီကို သတိရကြမည်ဖြစ်သည်။ ထို့နောက် ကုလားတန်မြစ်ကို ဖြတ်မိုးထားသော ဂစ္ဆပနဒီတံထားနှင့် ကျောက်တော်တောင်စေတီပွဲတွင် ကျင်းပပြုလုပ်သည့် ရခိုင်ရိုးရာပြိုင်လောင်းပွဲ၊ ကျင်ကိုင်ပွဲနှင့် ကုလားတန်မြစ်ထဲတွင် သမ္ဗာန်စက်လှေများဖြင့် ရေကစားနေကြသည့် ဒေသခံများကို ကျောက်တော်ဘုရားပွဲသို့ ရောက်ဖူးသူတိုင်း အမှတ်ရကြပေလိမ့်မည်။

(more…)

ဂတ်စ် ၀ယ်ယူရန် အတွက် ဘင်္ဂလာကျွမ်းကျင် အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်မည်

May 30, 2009 By: Mr Maung Nyo Category: သတင်း

5/30/2009

မြန်မာနိုင်ငံမှ ဂတ်စ်ကို တင်သွင်းနိုင်ရန်အတွက် ပဏာမ လေ့လာရေး ဘင်္ဂလာ ကျွမ်းကျင် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်မည်ဟု ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးက ယမန်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

သတင်းစာ ရှင်းလင်းပွဲကို မြန်မာ အပါအ၀င် နိုင်ငံခြား ခရီးစဉ် အများအပြားကို ပြုလုပ်ခဲ့ပြီး ပြန်လည်၍ မိခင်နိုင်ငံသို့ ရောက်ရှိလာစဉ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဒီပူ မိုနီးက နိုင်ငံခြားရေးဝန်ကြီးဌာန တွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

(more…)

ဘင်္ဂလာက မိုဘိုင်း လက်ကိုင်ဖုံးမှာ လာဒ်ယူ၍ အကောင်းဆုံး ပစ္စည်းဖြစ်

May 30, 2009 By: Mr Maung Nyo Category: သတင်း

5/30/2009

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တာဝန်ကျနေသော နစက၊ ထောက်လှမ်းရေး၊ ရဲတပ်ဖွဲ့၊ လုံထိန်း တပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသအတွင်း အဓိကထားပြီး စုံစမ်း ထောက်လှမ်းမူ ပြုလုပ်နေသော ကိစ္စမှာ မည်သူထံတွင် ဘင်္ဂလာဒေခ်ျ့ မှ လက်ကိုင်ဖုံးကို အသုံးပြု၍ ရှိ မရှိ ဆိုသည်ကိုပင် ဖြစ်သည်ဟု အမည်မဖေါ်လိုသူ စီးပွားရေး သမား တဦးက ပြောသည်။

“သူတို့က နယ်စပ် တလျောက်မှာ အဓိကထား စုံစမ်းနေတာကတော့ သူပုန်တွေ၊ ဖေါက်ခွဲရေးသမားတွေနဲ့ ရာဇ၀တ်သားတွေကို မဟုတ်ပါဘူး။ လက်ကိုင်ဖုံး ဘယ်သူ့ဆီမှာ ရှိတ ယ် မရှိတယ် ဆိုတာကိုဘဲ ဖြစ်ပါတယ်။ ဘင်္ဂလာ လက်ကိုင်ဖုံး တလုံးကို ဖမ်းမိရင် အနည်းဆုံး ကျပ်ငွေ တသိန်းနဲ့ သုံးသိန်းအကြားမှာ သူတို့က လာဒ်ငွေ ရပါတယ်။ မပေးရင် ထောင်သုံးနှစ်ဆိုတော့ လက်ကိုင်ဖုံး အဖမ်းခံရ သူတွေကလည်း ကြောက်ပီး ပေးကြတာပါဘဲ။”

(more…)

ရခိုင်ဒေသ၌တယ်လီဖုန်းပြီးလျှင် ဖက်စ်ဝန်ဆောင်မှု အဓိကတင်ကျယ်လာ

May 30, 2009 By: Mr Maung Nyo Category: သတင်း

မောင်ကံ
မောင်တော၊ မေ-၁၃
ရခိုင်ဒေသအတွင်း တယ်လီဖုန်းဆက်သွယ်ရေးမှာ အဓိကဏ္ဍတစ်ခုအဖြစ်ပါဝင်နေပြီး အရေးပေါ် စာပို့ခြင်းလုပ်ငန်းတွင် ဖက်စ်ဝန်ဆောင်မှုမှာ အရေးပါသည့် ဆက်သွယ်ရေး လုပ်ငန်းတစ်ခု အဖြစ်တွင်ကျယ်လာကြောင်း သိရသည်။ ရခိုင်ပြည်နယ်ရှိမြို့ နယ် ၁၇ မြို့ နယ်တွင် စစ်တွေ၊ မောင်တော၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ အမ်းနှင့် ကျောက်တော် ဒေသရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းများတွင် ဆက်စ်စက်များတပ်ဆင်ကာ ၀န်ဆောင်မှု ပေးလျက်ရှိနေကြောင်း သိရသည်။

“တစ်ချို့ ဌာနဆိုင်ရာတွေက မြန်မာဆက်သွယ်ရေးလုပ်ငန်းမှာ ဆက်စ်ဝန်ဆောင်မှုပေးတာကို မသိကြဘူး။ အခြားဖက်စ်ရှိတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေမှာသွားပြီး အကူအညီတောင်းခံ ပေးပို့ကြတာတွေရှိပါတယ်။ တချို့ ကျတော့လည်း အီးမေးလ်၊ အင်တာနက်ဆိုင်တွေသွားပြီး ပေးပို့ကြတ်ာရှိပါတယ်” ဟု ဖက်စ်အမြဲတမ်းပေးပို့နေသူတစ်ဦးက ပြောသည်။ မောင်တော ဒေသတွင် အီးမေးလ်တစ်စောင်ပေးပို့ရန်အတွက် ၂,၅၀၀ ကျပ်ခန့်ကုန်ကျပြီး ကွန်နက်ရှင် မကောင်းပါက အီးမေးလ်ပို့ရန် မလွယ်ကူကြောင်း၊ ဖက်စ်ဝန်ဆောင်မှုရှိသည့်မြို့ နယ်များတွင် ဖက်စ်ဝန်ဆောင်ခ A4 ဆိုက်ဒ်တစ်ရွက်လျှင် ၄၀ ကျပ်ပေးရကြောင်း သိရသည်။

7 Day News Journal
May 21, 2009

ဝက်မွေးမြူသူ မောင်တောဒေသခံအချို့  ဆိတ်ကိုပြောင်းလဲမွေးမြူလာ

May 30, 2009 By: Mr Maung Nyo Category: သတင်း

မောင်သန်းဝင်း
မောင်တော
၂၀၀၄-၀၅ ခုနှစ်မှ စ၍ မောင်တောဒေသသ ကျေးရွာတိုင်းတွင် ဗြိုက်တုံးဆန်ကြိတ်စက်ကြီးများ ၀င်ရောက်လာ၍ ၀က်စာဖွဲဆန်မှုန့်ရှားပါးဈေးကြီးလာမှုကြောင့် ၀က်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသော ဒေသခံအချို့ မှာ ဆိတ်ကို ကူးပြောင်း မွေးမြူလာကြကြောင်း ဒေသခံများက ပြောသည်။

“လူတွေကတော့ ဆန်ကောင်းရဖို့၊ မကြေဖို့ ဆိုပြီး အသစ်ပေါ်တဲ့ စက်ကြီးမှာပဲ ကြိတ်ခွဲကြတယ်။ ဒီစက်ကြီးများမှာတော့ ဖွဲကြမ်း (စပါးခွံ) သီးသန့်ထွက်တော့၊ ၀က်စာဖွဲရရှိမှုခက်ခဲကြတာ။ တရုတ်ဟာလာ(ဓားစက်) ခေတ်ကတော့ ဖွဲဆန်မှုလိုသလောက်ရတယ်။ တစ်တောင်းကိုမှ ၂၀ ကျပ် ၃၀ ကျပ်ပဲရှိတယ်။ အခုတော့ လွယ်လင့်တကူ မရရှိကြ၍ တစ်တောင်းကို ၂၀၀ ကျပ် ၂၅၀ ကျပ်အထိ ဈေးတက်သွားတော့ အစာစရိတ်မလိုက်နိုင်ကြတာများတယ်။ ဒါကြောင့် အစာအတွက်ငွေကြေးကုန်ကျစရာမလိုတဲ့ ဆိတ်ကို ပြောင်းပြီး မွေးမြူလာကြတာပါ” ဟု ကြိမ်ချောင်းကျေးရွာမှာ ဦးအောင်သာကျော်က ပြောသည်။

(more…)

ခမီးလူငယ်များ စစ်တပ်ထဲ အတင်း သွင်းခံနေရ

May 30, 2009 By: Mr Maung Nyo Category: သတင်း

5/29/2009

နအဖ စစ်တပ်ထဲသို့ ၀င်ရောက်သူ အရေအတွက် တဖြည်းဖြည်း နည်းပါး လာနေရာ ယခုအခါ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် နေထိုင်သော တောင်ပေါ်သား ခမီး လူငယ်များကို စစ်တပ်မှ အတင်း တပ်ထဲသို့ သွင်းနေကြောင်း ခမီးလူငယ် ကိုအောင်စိုးက ပြောသည်။

“စာမတတ်တဲ့လူ၊ ဗမာ စကား မပြောတတ်တဲ့ လူတွေကိုလည်း သူတို့ သွင်းတာပါဘဲ။ အဓိကတော့ ရှေ့တန်းမှာ ရှိနေတဲ့ ခလရ ( ၅၅) နဲ့ ပလက်ဝ အခြေစိုက် တပ်ရင်း (၂၈၉) တို့က ဆွဲဆောင် သိမ်းသွင်းပြီး ခမီးလူငယ်တွေကို တပ်ထဲကို သွင်းနေပါတယ်။ စစ်တပ်နဲ့ ပေါင်းနေတဲ့ ခမီးလူကြီးတွေက စစ်တပ်ကို တပ်သားသစ်တွေရဖို့ ကူညီပေးနေပါတယ်။”

(more…)

မောင်တောမှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ဖြတ်ကျော် တစ်ရက်ဗီဇာကြေး ယခင်အတိုင်း ပြန်လည် ကောက်ခံ

May 29, 2009 By: Mr Maung Nyo Category: သတင်း

မောင်ကံ
မောင်တော
မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်သို့ နေ့စဉ် တစ်ရက် ဗီဇာဖြင့် နယ်စပ်ဖြတ်ကျော်သွားလာသူများ၏ နယ်စပ်ဖြတ်ကျော်ခကို (ဘုတ်ခအပါအ၀င်) ဧပြီ ၁ ရက်မှစတင်၍ ယခင်နှုန်းထားအတိုင်း ပြန်လည်ကောက်ခံလျက်ရှိကြောင်း နယ်စပ်ဖြတ်ကျော် သွားလာသူများ၏ ပြောကြားချက်အရ သိရသည်။ မောင်တောနှင့် တက္ကနဖ်သို့ တစ်ရက်ဗီဇာဖြင့် သွားလာသူများကို နယစ်ပဖြတ်ကျော်ခအဖြစ် (ဘုတ်ခအပါအ၀င်) တစ်ဦးလျှင် ၂,၅၀၀ ကျပ်ကောက်ခံနေရာမှ ၂၀၀၈ ခုနှစ် မေလကုန်ပိုင်းမှစ၍ တစ်ဦးလျှင် ၂,၂၀၀ ကျပ်သို့ လျှော့ချကောက်ခ့ပေးခဲ့ကြောင်း ပြောသည်။ “ကုန်ခဲ့တဲ့ မေလကစပြီး နယ်စပ်ဖြတ်ကျော်ခ ၂,၅၀၀ ကျပ်ကနေ ၂,၅၀၀ ကျပ်အထိ လျှော့ချပေးခဲ့တယ်။ အရင်တုန်းကလည်း တစ်ဦးသွားလာခ ၂,၅၀၀ ကျပ်ပါပဲ။ အခုဒီနှစ်မှာ ဧပြီ ၁ ရက်ကစပြီး ပုံမှန်အတိုင်း ပြန်လည် ကောက်ခံတာဖြစ်ပါတယ်။ အခု ဘင်္ဂလားဒေ့ရှ်ငွေ တာကာဈေးက တက်ရိပ်ပြလာတော့ နယ်စပ်ဖြတ်ကျော်သွားလာသူတွေလည်း များလာပါတယ်” ဟု နယ်စပ်ကုန်သွယ်သွားလာနေသူ တစ်ဦးက ပြောသည်။

7 Day News Journal
May 21, 2009

ရန်ကုန်-စစ်တွေအဝေးပြေးကားများ ဂရုစိုက်မောင်းနှင်သင့်

May 29, 2009 By: Mr Maung Nyo Category: သတင်း

ဂျွန်ကိုလင်း
အရှည်မိုင် ၅၄၀ ရှိသော ရန်ကုန်-စစ်တွေကားလမ်းမှာ ရခိုင်ရိုးမနှင့် အမ်းတောင်ကုန်း တောင်တန်းများပေါ်တွင် ဖောက်လုပ်ထားပြီး တောင်ပတ်လမ်းအကွေ့အကောက် များပြားစွာ ရှိရာ တချို့လမ်းကွေ့များမှာ ကျဉ်းမြောင်းသောကြောင့် ခရီးသည်ကားတချို့  မတော်တဆ ဖြစ်ပွားမှုများကြုံတွေ့လာရကြောင်း သိရသည်။

“ကားလမ်းက ကျဉ်းပြီးတော့ တောင်ဇောက်တွေများတယ်။ ဒီနေရာမှာ ယဉ်မောင်းက အရေးပါလာတယ်။ ကားတစ်စီးလုံးမှာပါတဲ့ ခရီးသည်တွေရဲ့အသက်ဟာ သူ့လက်ထဲ မှာရှိပါတယ်။ ကျွမ်းကျင်ပြီး မောင်းနှောင်သွားလာနေကျ ယဉ်မောင်းတွေလည်း သတိထားဖို့ လိုပါတယ်” ဟု ခရီးသည်တစ်ဦးက ပြောသည်။

(more…)