Arakan Review

Learn from the masses, and then teach them.
Subscribe

Archive for June, 2009

မောင်တောမှ ရွှေဇားတံတားကြီးအား ယူအန်က အသစ်ပြန်လည် တည်ဆောက်ပေးမည်

June 30, 2009 By: Mr Maung Nyo Category: သတင်း

6/29/2009

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့ရှိ အသုံပြု၍ မရထိအောင် ပျက်စီးနေသော ရွှေဇားတံတားကြီးကို ယူအန်က အသစ်ပြန်လည် တည်ဆောက် မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါတံတားကို လာမည့် လဆန်းပိုင်မှ စတင်ပြီး တည်ဆောက် သွားမည်ဖြစ်ပြီး UN အကူအညီဖြင့် BAJ အဖွဲ့အစည်းမှ တာဝန်ယူဆောက်လုပ်မည် ဖြစ်သည်။

(more…)

စစ်တွေတွင် ပြည်သူပိုင် လယ်မြေများအား စစ်တပ်မှ သိမ်း

June 30, 2009 By: Mr Maung Nyo Category: သတင်း

6/30/2009

ခိုင်သိန်း (နိရဉ္စရာ) ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် စစ်လေ့ကျင့်ရေး သင်တန်းကျောင်း ဆောက်လုပ်ရန် နှင့် တပ်ရင်း တိုးချဲ့ တည်ဆောက်ရန် အတွက် ပြည်သူပိုင် လယ်မြေများကို စစ်တပ်မှ များမကြာမီက သိမ်းယူလိုက်ကြောင်း ဒေသခံ လယ်သမား တဦးက ပြောသည်။

စစ်တွေအနီးရှိ ရေချမ်းပြင် ကျေးရွာနှင့် အမြင့်ကျွန်း ကျေးရွာရှိ ဒေသခံ လယ်သမားများ ပိုင်ဆိုင်သည့် လယ် ၂၃ ဧက ကျော်ကို တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး၏ ညွှန်ကြားချက် အရဟု ဆိုကာ လျော်ကြေး တစုံတရာ မပေးပဲ ယခုလ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် စစ်တပ်မှ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

(more…)

မြို့ နယ်လေးမြို့ နယ်၌ အော်တိုအိတ်ချိန်းများ ထပ်မံတိုးချဲ့ရန်စီစဉ်

June 28, 2009 By: moe moe kyaw Category: ပြည်တွင်း

ညိုသဏ်း

ရခိုင်ပြည်နယ် အတွင်း တယ်လီဖုန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေရန်အတွက် ကျော်တော်၊မင်းပြား၊ ဂွ နှင့် ဘူးသီးတောင် မြို့ နယ်များ၌ အော်တိုအိတ်ချိန်းများနှင့် စုစုပေါင်းလိုင်းအင်အား ၁၅၀၀ကို ထပ်မံတိုးချဲ့ ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လက်ရှိအခြေနေတွင်ရခိုင်ဒေသအတွင်း၌စစ်တွေ၊အမ်း၊ကျောက်ဖြူ၊သံတွဲ၊မြောက်ဦး၊မောင်တော၊မြေပုံ၊မာန်အောင်၊ တောင်ကုတ်၊ ကျောက်တော်၊ နှင့်ဂွမြို့နယ်များတွင် ဂျီအက်စ်အမ်စနစ်နှင့် CDAM-450 စနစ်သုံး မိုဘိုင်းလ်ဖုန်းများကို တိုးချဲတပ်ဆင်ထားပြီး ဖြစ်ရာ စုစုပေါင်းလိုင်းအင်အား ၁၆၇၅၀ တပ်ဆင်ထားပြီဖြစ်ကြောင်း သိရသည်။
(more…)

သွေးလွန်တုပ်ကွေး ဝမ်းပျက်ဝမ်းလျှောစစ်ဆေး

June 28, 2009 By: moe moe kyaw Category: ပြည်တွင်း

ကေသရီး

ရခိုင်ပြည်နယ် စစ်တွေမြို့ နယ် ကျန်းမာရေးဦးစီးဌာန မြို့ နယ်ဆရာဝန်ကြီး ဦးဆောင်၍ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများသို့ ကျန်းမာရေး ဝန်ထမ်းများကွင်းဆင်းကာ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
(more…)

မောင်တော-ဘူးသီးတောင် ကားလမ်းပေါ်တွင် မောင်းနှင်နေသည့်ယာဉ်များ မိုးရာသီတွင်သတိထား

June 28, 2009 By: moe moe kyaw Category: နယ်စပ်

ညိုသဏ်း

မောင်တော-ဘူးသီးတောင် ကားလမ်းပေါ်တွင် မောင်းနှင်နေသည့် ယာဉ်များမှာ ဆောင်းတွင်းကာလနှင့် နွေကာလများထက် မိုးရာသီတွင် ပိုမိုသတိထားမောင်းနှင်သင့်ကြောင်း မောင်တော-ဘူးသီးတောင် ကားလမ်းတွင် ပြေးဆွဲနေသည့် ဒရိုင်ဘာတစ်ဦးက ပြောသည်။

မောင်တော-ဘူးသီးတောင်ကားလမ်းမှာ တောင်ကုန်း၊တောင်တန်း တောင်စောင့်များနှင့် လျှိုမြောင်များကို ဖြတ်ကျော် ဖောက်လုပ်ထားသည့် တောင်ကြားလမ်းတစ်ခု ဖြစ်သည့်အလျှောက် လမ်းပေါ်ရှိတံတား၏ ခံနိုင်ဝန်မှာလည်း ကာလကြာမြင့်လာသည်နှင့် အမျှ ခံနိုင်အားလျှော့နည်း ကျဆင်းလာကြောင်း သိရသည်။
(more…)

ဆိုးဆေးပါ ငါးပိဘူးများသိမ်းဆည်း

June 28, 2009 By: moe moe kyaw Category: ပြည်တွင်း

ကစ္ဆပမီဒီယာ

စစ်တွေမြို့ နယ် ကျန်းမာရေး ဦးစီးဌာန မြို့ နယ်စည်ပင် ၀န်ထမ်းများနှင့် ဈေးမိဈေးဖများ ပူးပေါင်းအထွဲ့သည် စစ်တွေမြို့ မဈေးနှင့် စတိုးဆိုင်များသို့ သွားရောက်၍ အစားအစာနှင့် ဆေးဝါးကြီးကြပ်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် အမည်ပေါက်ဆေးဆိုး ပါဝင်သည့်ငါးပိဘူးများ၊ ငံပျာရည်နှင့် ငါးပိထောင်းများကိုစစ်ဆေးခဲ့ကြောင်း၊ တားမြစ်ဆေးပါပစ္စည်း ၂၇ ခုအားသိမ်းဆည်းမြေမြှုတ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
(more…)

ခမရ ၅၃၇ မှ ဒုတပ်ရင်းမှူး ခြံစည်းရိုး ကာရံနေရာတွင် ရုတ်တရက်သေဆုံး

June 27, 2009 By: Mr Maung Nyo Category: သတင်း

၆၊၂၇၊၂၀၀၉

မောင်အေး (နိရဉ္စရာ) မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ခြံစည်းရိုး ကာရံနေသည့် ရသေ့တောင် အခြေစိုက် ခမရ ၅၃၇ မှ ဒုတပ်ရင်းမှူးမှာ ရုတ်တရက် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသည့် ဒုတပ်ရင်းမှူးမှာ ဗိုလ်မှူးကျော်သူရ ဖြစ်ပြီး အလိုလို နေရင်း သေဆုံးသွာခဲ့ခြင်း ဖြစ်သည်ဟု တောင်ပြိုမှ ၀န်ထမ်း တဦးက ပြောသည်။

(more…)

မိုးမရွာ၍ မောင်တောတွင် မိုးခေါ်ပွဲကျင်းပ

June 27, 2009 By: Mr Maung Nyo Category: သတင်း

၆၊၂၇၊၂၀၀၉
ဇွန်လကုန်ပြီး ၀ါဆိုမည့် ရက်နီးကပ်လာပြီ ဖြစ်သော်လည်း မိုးမရွာသေးသဖြင့် မောင်တောမြို့တွင် ဆရာတော်ကြီးများ ဦးဆောင်ပြီး မိုးခေါ်ပွဲကို ကျင်းပခဲ့သည်။

မောင်တောမြို့မှ ကုန်သည် တဦးဖြစ်သူ ဦးကျော်မြှင့်က “ဆရာတော်ကြီးတွေနဲ့ ဗုဒ္ဓဘာသာ အသင်းအဖွဲ့တွေက မြို့ကို ပတ်ပြီး ငရံ့မင်း ပရိတ်တော်ကို ရွှတ်ကာ မိုးခေါ်ခဲ့တာ ဖြစ်ပါတယ်။ မိုးမရွာတဲ့အတွက် ဘာသာရေး ထုံးတန်း စဉ်လာနဲ့ အညီ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မိုးခေါ်ပွဲ ကျင်းပတာ ဖြစ်ပါတယ်” ဟုပြောသည်။

(more…)

ပထဝီ နိုင်ငံရေးတွင် အရေးပါသော မြန်မာ့စွမ်းအင်

June 26, 2009 By: Mr Maung Nyo Category: ဆောင်းပါး

ဝင်းအောင် (SGM)
ကြာသပတေးနေ့၊ ဇွန်လ 25 2009

ပထဝီ နိုင်ငံရေးတွင် အရေးပါသော မြန်မာ့စွမ်းအင်

ကမ္ဘာကြီး၏ မသေချာ၊ မရေရာလှသော စွမ်းအင်လိုအပ်ချက်အပေါ် နိုင်ငံဒေသတခုချင်းစီ၏ စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေးသည် ၎င်းနိုင်ငံ၏ စီးပွားရေး ဖွံဖြိုးတိုးတက်မှုနှင့် ချမ်းသာကြွယ်ဝမှုအတွက် အဓိက လက်တွေ့ကျသော အခန်းဏ္ဍမှ ပါဝင်ပေသည်။ ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ လောင်စာစွမ်းအင်ရရှိရေး တဟုန်ထိုး လိုက်လာနေကြသည်က မြန်မာ့နိုင်ငံရေးကို ရိုက်ခတ်စေတော့သည်။

၂၀၀၈ ခုနှစ် မေလတွင် တဟုန်ထိုး မြင့်တက်သွားသော လောင်စာဆီဈေးနှုန်းကြောင့် ကမ္ဘာတဝှမ်းရှိ စီးပွားရေး လုပ်ငန်းများ တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ အထူးသဖြင့် အာရှ စီးပွားရေးတက်သည့် ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံ အချို့ကိုပါ ရိုက်ခတ်သွားခဲ့သည်။ အာဆီယံဒေသတွင်လည်း ရေနံထုတ်လုပ်ရောင်းချသော မလေးရှားနှင့် ဘရူနိုင်းနိုင်ငံမှအပ ကျန်နိုင်ငံများ အားလုံးသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို မိမိနိုင်ငံ၏ စွမ်းအင်အတွက် အဓိက မှီခိုရသည့် အားလျော်စွာ ရေနံကုန်ဈေးနှုန်း မြင့်တက်ခြင်း၏ ဂယက်ရိုက်မှုကို ခံခဲ့ရပေသည်။

(more…)

မောင်တောဒေသအတွင်း အဆင့်မြင့်ပညာရေး ဘော်ဒါဆောင်များ တိုးချဲ့ ဖွင့်လှစ်လာ

June 25, 2009 By: moe moe kyaw Category: နယ်စပ်

မောင်ကံ

မောင်တော့နယ်စပ်ဒေသအတွင်း ပြင်ပပုဂ္ဂလိက အဆင့်မြင့်ပညာရေး ဘော်ဒါဆောင်များ တိုးချဲ့ ဖွင့်လှစ်လာခြင်းကြောင်းအနီးပတ်ဝန်းကျင် ကျေးရွာများမှ ကျောင်းသားကျောင်းသူများအတွက် ပိုမိုအဆင်ပြေလာကြောင်း တက္ကသိုလ်ဝင်တန်း ကျောင်ူသားမိဘတစ်ဦးက ပြောသည်။

မောင်တော ဒေသတွင် အဆင့်မြင့်ပညာရေး ဘော်ဒါဆောင်များကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့ပြီး ယင်းနှစ်တွင်ပင် ဘော်ဒါဆောင် ၃ ဆောင်ရှိခဲ့သည်။ ယခုတွင်မူ ပညာရေးဘော်ဒါဆောင် ၆ ခုကျော်ထိ တိုးချဲ့ ဖွင့်လှစ် လာကြောင်းတွေ့ရသည်။
(more…)