Archive for
July, 2009
July 21, 2009
By: moe moe kyaw
Category: သတင်း
ကစ္ဆပမီဒီယာ
နေပြည်တော်လိုင်စင်ရယူပြီးမှသာ အက်ဖ်အိုဘီ စစ်တွေဖြင့် တင်ပို့ခွင့်ပြုခဲ့သည့် စစ်တွေဒေသထွက် ငါးသလောက် များအား စစ်တွေနယ်စပ်ကုန်သွယ်ရေးရုံးတွင် လိုင်စင်လျှောက်ယူရပြီး စစ်တွေ အက်ဖ်အိုဘီစနစ်ဖြင့် တင်ပို့ခါင့်ပြုပြီးဖြစ်ကြောင်း သိရသည်။
“ဇွန် ၁၇ ရက်မှာပြုလုပ်ခဲ့တဲ့ EISC အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၀၉)က ခွင့်ပြုခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းက ပုံမှန်ကုန်သွယ်ရေး စနစ်နဲ့ Bank Draft အသုံးပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားနိုင်မှာဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် ငါး၊ပုစွန် ကုန်စည်ဒိုင်အသင်း စစ်တွေမြို့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
(more…)
No Comments →
July 21, 2009
By: moe moe kyaw
Category: ပြည်တွင်း
မြတ်နိုးအောင်
ရန်ကုန်-ကျောက်ဖြူလမ်းမကြီးရှိ မအီ-ကျောက်ဖြူလမ်းပိုင်းအား ယခုနှစ် ဇွန် ၁ ရက်မှ စက်တင်ဘာလကုန်ထိ ယာဉ်ကြီးများ ဖြတ်သန်းခွင့် ခေတ္တပိတ်ထားကြောင်း မအီ-ကျောက်ဖြူလမ်း ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီးရုံးမှ တရားဝင်စာထုတ်ပေးကြောင်း သိရသည်။
ရမ်းဗြဲမြို့ ၊ကျောက်ဖြူမြို့ ၊အပါအ၀င် ဒေသတွင်းမြို့ နယ် ငါးမြို့ နယ်အား စီမံဆောင်ရွက်ရသည့် တောင်ကုတ်မြို့နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီဌာနကလည်း ဇွန် ၁ ရက်,ရက်စွဲနှင့် ၁၃ တန်အထက် ယာဉ်ကြီးများ မအီ-ကျောက်ဖြူလမ်းပိုင်တွင် မိုးရာသီအတွင်း သွားလာခွင့်မပြုကြောင်း အကြောင်းကြားစာထုတ်ဝေခဲ့သည်။
(more…)
No Comments →
July 19, 2009
By: moe moe kyaw
Category: ပြည်တွင်း
မောင်သန်းဝင်း
အလျှားအရှည်မိုင် ၂၈၀ ကျော်ရှိသော ရခိုင်ရိုးမတောင်တန်း တောင်ကုတ်ဝန်းကျင်၌ တောရိုင်းတိရစ္ဆာန် တစ်မျိုးဖြစ်သည့် တောကြက်ဖများအား တည်ကြက်အဖြစ်စိန်ခေါ် ဖမ်းဆီးကာ ကြက်ဈေးကွက်များသိုပ ရောင်းချမှုများရှိလာကြောင်း သိရသည်။
တောကြက်ဖမှာ သဘာဝအကောင်အရေနည်းပါးပြီး၊ ကြက်ဖအကောင်ရေ ဆယ့်နှစ်ကောင်ခန့်တွင် တစ်ကောင် လောက်သာတွေ့ရလေ့ရှိကာ အခြေချကျက်စားနေထိုင်ရာ တောတောင်ဧရိယာတစ်ဝိုက်တွင် ကြက်ဘုရင်အဖြစ် ကြီးစိုးလေ့ရှိသည်။
(more…)
No Comments →
July 19, 2009
By: moe moe kyaw
Category: သတင်း
မောင်ကံ
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သော စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ကုန်၊ သွင်းကုန်တင်ပို့၊ တင်သွင်းရာတွင် မော်တော်ဘုတ်များဖြင့် ပင်လယ်ပတ်၍ တင်ပို့ရသည့်အတွက် မိုးတွင်းကာလတွင် ဖြစ်ပေါ်တတ်သည့် ရာသီဥတုဆိုးဝါးမှုတို့ကြောင့် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများအေးလာရန် အလားအလာရှိနေကြောင်း နယ်စပ်အခြေစိုက် ကုန်သွယ်သူများ၏ ပြောကြားချက်အရ သိရသည်။
(more…)
No Comments →
July 19, 2009
By: Mr Maung Nyo
Category: သတင်း
7/18/2009
ခိုင်သိန်း(နိရဉ္စရာ) မြန်မာနိုင်ငံ ပုသိမ်မြို့မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ သစ်များတင်ဆောင်လာသော သစ်ဘုတ်တစီး မေယုမီးပြ အနီးတွင်နစ်မြုပ်သွားသဖြင့် ဘုတ်တွင်ပါလာသူ လူ ၁၂ ဦးစလုံး ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။
အဆိုပါဘုတ်မှာ မေယုမီးပြမှ အနောက်ဘက် မိုင် ၂၀ အကွာတွင် လွန်ခဲ့သော သောကြာနေ့က နစ်မြုပ် သွားသည်ဟု ဘုတ်ပိုင်ရှင်နှင့် နီးစပ်သူတဦးကပြောသည်။
(more…)
No Comments →
July 18, 2009
By: Mr Maung Nyo
Category: သတင်း
7/17/2009
အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးသည် ယမန်နေ့က တောင်ကုတ်မြို့သို့ ရောက်ရှိလာပြီး တောင်ကုတ်လူထုအား မြို့တွင်းရှိ လမ်းများကိုသာမက ရပ်ကွက်အတွင်းရှိ လမ်းများကိုပါ ပြုပြင်တည်ဆောက်ပေးမည်ဟု ဆိုကာ စည်းရုံးမူ လုပ်ဆောင်သွားသည်ဟု သိရသည်။
အမည်မဖေါ်လိုသူ တဦးက “ အမ်းကနေ တောင်ကုတ်ကို တိုင်းမှူး မနက်ပိုင်းမှာ ရောက်လာပြီး ဌာနဆိုင်ရာ ၀န်ထမ်းတွေ တောင်ကုတ်က လူကြီးတွေကို ခေါ်ယူကာ အစည်းအဝေး လုပ်ပါတယ်။ တောင်ကုတ်မြို့ထဲက လမ်းတွေကို သာမက ရပ်ကွက် အတွင်းက လမ်းတွေကိုပါ ကတ္တရာတွေ ခင်းပေးမယ် ဆိုပီး ပြောဆိုသွားပါတယ်” ဟု ပြောသည်။
(more…)
No Comments →
July 18, 2009
By: Mr Maung Nyo
Category: ထုတ်ပြန်ကြေညာချက်
၁။ဖြစ်စဉ်အကျဉ်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ခိုင်သည်၊ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌဖြစ်ကာ၊ တောင်ဂုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ တာဝန်ကိုပါ ထမ်းဆောင်နေသူဖြစ်ပြီး၊ အသက် ၈၇ နှစ်အရွယ်ရှိပြီး ဖြစ်ကြောင်းသိရှိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ ၀င်တစ်ဦးဖြစ်သူ၊ ဦးသန်းဖေ ၏ အဖွဲ့ချုပ် စည်းမျဉ်း စည်းကမ်းနှင့် ကိုက်ညီမှု မရှိသော၊ လူမှု အထောက်အကူပြု အဖွဲ့ ရံပုံငွေ ကောက်ခံမှုကို ဦးကျော်ခိုင်မှ တားမြစ်ခဲ့ခြင်းနှင့်အတူ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင်အဖွဲ့မှ ဦးသန်းဖေ အား အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်မှ ထုတ် ပယ်လိုက် ကြောင်း သိရှိရကာ၊ ယင်းဖြစ်ရပ်ကို အခြေခံလျက် ဦးသန်းဖေက ဦးကျော်ခိုင်ကို မကျေနပ်သော ကြောင့် တောင်ကုတ်မြို့နယ် တရားရုံးတွင် အသရေဖျက်မှုဖြင့် တရားစွဲဆိုရာမှ ပေါ်ပေါက်လာသော အမှုဖြစ် ကြောင်းသိရှိရသည်။
(more…)
No Comments →
July 18, 2009
By: moe moe kyaw
Category: ပြည်တွင်း
ရဲပန်ဇင်း
စစ်တွေမြို့  ငါး၊ ပုစွန်ကုန်စည်ဒိုင်ကို အဖွဲဝင် ၃၂ ဦးဖြင့် ပါဝင်ဖွဲစည်းခဲ့သည်။ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ထုံးလုပ်ငန်းများနှင့်အညီ ပုစွန်ထုတ်လုပ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရောင်းဝယ်တင်ပို့ခြင်း လုပ်ကိုင်ကြသူများအားလုံး နိုင်ငံတကာအဆင့်မီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြပြီး ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန်အတွက် စီမံဆောင်ရွက်ပေးသွားရန် ရည်ရွယ်ကြောင်းသိရသည်။
(more…)
No Comments →
July 18, 2009
By: moe moe kyaw
Category: သတင်း
ရဲပန်ဇင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် သရက်သီးများတင်ပို့ရာတွင် ဈေးကောင်းရရှိစေရန်အတွက် စနစ်တကျ ဆွတ်ခူးခြင်း၊ သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်းများပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့သရက်သီးများကို နယ်စပ်ကုန်သွယ်ရေးဖြင့် တင်ပို့ရာတွင် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရာ၌ ဈေးအနိမ့်ဆုံးဖြစ်ပြီး တစ်တန်လျှင် ဒေါ်လာ ၂၂၀ ခန့်သာရရှိသည်။
(more…)
No Comments →
July 17, 2009
By: Mr Maung Nyo
Category: သတင်း
အမြဲစိမ်းတောများတွင် တွေ့ရ သော လိပ်မောင်းများ ရခိုင်ရိုးမ တောင်တန်းများ၌ ကျက်စားလျက်ရှိ နေသေးကြောင်းနှင့် အဆိုပါ လိပ် မောင်းများမှာ တစ်စတစ်စရှားပါး လာနေပြီဖြစ်ကြောင်း ဒေသခံများထံ မှ သိရသည်။ အဆိုပါ လိပ်မောင်းများမှာ အစားအသောက်အနေဖြင့် ဖမ်းဆီး သတ်ဖြတ်ခံရပြီး လွန်ခဲ့သည့် ဆယ် စုနှစ်နှစ်ခုကတည်းက အိမ်နီးချင်း နိုင်ငံများဆီသို့ရောင်းဝယ်ရန်အတွက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိရောက် စွာ ကာကွယ်မှုမှာ အရေးပါကြောင်း သိရသည်။
ဒီလို မိုးရာသီ ၀ါးခုတ်၊ မျှစ် ချိုးအချိန်မှာဆို ၀ါးတောတွေထဲမှာ မကြာမကြာ လိပ်တွေကို တွေ့ရ တယ်။ ဒါပေမယ့် အခုက လိပ်ရှာ ရောင်းတဲ့သူတွေရှိလို့ မတွေ့ရတော့ ဘူး။ ဈေးမှာလည်း ရောင်းတာ နည်းသွားတယ်}}ဟုဒေသခံတစ်ဦးက ဆိုပါသည်။ လိပ်မောင်း Myanmar Brown Tortoise ကောင်ရေ ၆၀ ကျော်ကို မန္တ လေးရတနာပုံ တိရစ္ဆာန် ဥယျာဉ်တွင် မွေးမြူထားကြောင်းလည်း သိရ သည်။
ဝင်းမောင်(မောင်တော)
No Comments →