Arakan Review

Learn from the masses, and then teach them.
Subscribe

Archive for October, 2009

ဝတ်စားဆင်ယင်မှုများပြောင်းလဲလာသော်လည်း ရခိုင်လုံချည်များ ဈေးကွက်ဝင်ဆဲ

October 31, 2009 By: moe moe kyaw Category: သတင်း

ဝတ်စားဆင်ယင်မှု ဓလေ့များ ပြောင်းလဲလာသော်လည်း ရိုးရာအ၀တ်စားများဖြစ်သော ရခိုင် ပုဆိုး၊ ရခိုင်လုံချည်များကို ပွဲနေပွဲထိုင်များအတွက် အမြတ်တနိုး ၀ယ်ယူဝတ်ဆင်လေ့ ရှိနေ သေးကြောင်း လေ့လာသိရှိရပါသည်။

ရခိုင်လုံချည်မှာ  စစ်တွေဒေသထွက်နှင့် သံတွဲဒေသထွက်ဟူ၍ ရှိပြီး ဈေးကွက်တွင် သံတွဲရက် ရခိုင်ထည်များက နာမည်ကောင်းရနေကာ စစ်တွေအထည်များထက် ဈေးပိုပေးရကြောင်း သိရသည်။ ရခိုင်ဒေသတွင် ရွာတိုင်း၊ အိမ်တိုင်းတွင် ရက်ကန်းစင်များရှိခဲ့ပြီး ယခုအခါ စစ်တွေ ဒေသ၀န်းကျင်၊ သံတွဲဒေသ၀န်းကျင်မှအပ ကျန်ဒေသများတွင် ပျောက်ကွယ်သွားသည့် လက်မှု ပညာတစ်ရပ်ဖြစ်နေကြောင်းနှင့် စစ်တွေမြို့တွင် ရက်ကန်းကျောင်းဖွင့်လှစ်ကာ မျိုးဆက်သစ် များကို သင်ပေးလျက်ရှိကြောင်း သိရသည်။

(more…)

တရုတ် စွမ်းအင် ကိုယ်စားလှယ် ရောက်ရှိ

October 30, 2009 By: moe moe kyaw Category: သတင်း

ရန်ကုန် (မဇ္ဈိမ)။      ။ မကြာသေးခင်က ဆန္ဒပြကြသည့် အငြင်းပွားဖွယ်ရာ မြန်မာနိုင်ငံ ကမ်းရိုးတန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအကြောင်း ဆွေးနွေးရန် တရုတ် ကိုယ်စားလှယ်အဖွဲ့တခု ရန်ကုန်မြို့သို့ ယမန်နေ့က ရောက်ရှိလာခဲ့သည်။

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) မှ ကိုယ်စားလှယ်များသည် မြို့တော်ဟောင်းသို့ ရောက်လာပြီး၊ မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံကာ စက်တင်ဘာလလယ်တွင် စတင်ခဲ့သည့် စီမံကိန်းအပေါ် ဆွေးနွေးမည်ဟု သတင်းရပ်ကွက်များက ပြောသည်။ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့ အဆိုအရ ၉၈၀ ကီလိုမီတာ ရှည်လျားသည်ဆိုသော ပိုက်လိုင်းသည် CNPC ၏ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ရရှိခဲ့သော နှစ်ပေါင်း ၃၀ ကြာ သဘာဝဓာတ်ငွေ့ ဝယ်ယူရောင်းဝယ်ခွင့် သဘောတူညီမှု၏ တစိတ်တဒေသ ဖြစ်သည်။

(more…)

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်ပြဿနာ ပြေလည်မည်ဟု တရုတ်မျှော်လင့်

October 30, 2009 By: moe moe kyaw Category: သတင်း

တရုတ်နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် Zhang Xianyi က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ ပြဿနာကို စေ့စပ်ညှိနှိုင်း၍ ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ယမန်နေ့က ဆိုသည်။ ဘင်္ဂလားဒေ့ရှ် Dhaka Reporters Unit (DRU) တွင် သတင်းထောက်များကို ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း Daily Star သတင်းစာတွင် ရေးသားထားသည်။

“အိမ်နီးချင်းနိုင်ငံတွေကြားထဲမှာ အငြင်းပွားစရာ သဘောမတူစရာတွေတော့ ရှိကြပါတယ်၊ ဒါပေမယ့် စေ့စပ် ဆွေးနွေးပြီးတော့ ပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်၊ စစ်ပွဲက ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်”ဟု Zhang Xianyi၏ ပြောဆိုချက်ကို ကိုးကားထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး Dipu Moni၏ ပြောဆိုချက်ကို ကိုးကား၍ ၂ နိုင်ငံ နယ်စပ်တွင် တင်းမာမှု တစုံတရာ မရှိကြောင်း၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံကြားတွင် ဖြစ်ပွားနေသော ပြဿနာကို တရုတ်နိုင်ငံက စေ့စပ် ညှိနှိုင်းရေး အတွက် ၂ နိုင်ငံလုံးက ချဉ်းကပ်လာခြင်းမရှိ သေးကြောင်းလည်း ၎င်းကဆိုသည်။

(more…)

စစ်တွေတွင် နိုင်ငံရေးပါတီနှစ်ခုမှ ရုံးများ ဖွင့်လှစ်ပြီး ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲအတွက် ပြင်ဆင်

October 30, 2009 By: moe moe kyaw Category: သတင်း

ရခိုင် အမျိုးသား အင်အားစုနှင့် ခမီအမျိုးသား အင်အားစု ဟု အမည်တပ်ထားသော နိုင်ငံရေး ပါတီနှစ်ခုမှ စစ်တွေမြို့တွင် ရုံးများ ဖွင့်လှစ်ပြီး ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် စည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက် လုပ်ကိုင်နေကြောင်း သတင်းရရှိသည်။

“အဲဒီ ပါတီ နှစ်ခုဘဲ စစ်တွေမှာ တွေ့ပါသေးတယ်။ သူတို့က ရုံးတွေ ဖွင့်လှစ်ပြီး ရခိုင်လူထုတွေကို စည်းရုံးနေတာကို တွေ့ရပါတယ်။ စစ်တွေက ရခိုင်အမျိုးသား အတော်များများလည်း ရခိုင်အမျိုးသား အဖွဲ့ထဲကို ၀င်ရောက်နေတာကို တွေ့နေရပါတယ်” ဟု လူငယ် တဦးက ပြောသည်။

(more…)

နယ်စပ် ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ သဘောတူ

October 30, 2009 By: moe moe kyaw Category: သတင်း

နှစ်နိုင်ငံအကြား နယ်စပ် ပြဿနာများ ပေါ်ပေါက်ပါက အဆိုပါ ပြဿနာကို နှစ်ဘက်နိုင်ငံ အနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ သဘောတူညီခဲ့ကြသည်။
အဆိုပါ သဘောတူညီမူကို ယမန်နေ့က ပြုလုပ်ခဲ့သော တပ်မှူး အဆင့် နှစ်နိုင်ငံ အလံတင် အစည်းအဝေးတွင် သဘောတူ ညီခဲ့ကြခြင်း ဖြစ်သည်။

နှစ်ဘက် တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို ယမန်နေ့ နံနက်က မောင်တောမြို့ နစက ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြပြီး သဘောတူညီမူ အများအပြားကို ရရှိခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြသည်။
(more…)

ဘူးသီးတောင်မြို့ရှိ အန်ဂျီအို တခုကို ဒေသခံများ ၀ိုင်းဝန်းတိုက်ခိုက်

October 29, 2009 By: moe moe kyaw Category: သတင်း

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် တည်ရှိသော နိုင်ငံခြား အန်ဂျီအို တခုဖြစ်သည့် AMI ရုံးကို ဒေသခံ ရခိုင်ပြည်သူများက မနေ့က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ကျောင်းဆရာ တဦးက ပြောသည်။

“တိုက်ခိုက်တာက ညနေ ၅ နာရီခွဲခန့်မှာ ဖြစ်ပါတယ်။ တိုက်ခိုက်တဲ့ အကြောင်းက ရခိုင်အမျိုးသမီး ၀န်ထမ်းတဦး ဖြစ်တဲ့ မနီလာကျော်ကို ရုံးဝန်ထမ်း မူဆလင် တဦးက မဖွယ်မရာ ပြုမူ ဆက်ဆံတာကနေ ပြဿနာ စဖြစ်တာ ဖြစ်ပါတယ်။ လူပေါင်း ၂၀၀၀ လောက်က ရုံးကို တုတ်တွေ ကျောက်ခဲတွေနဲ့ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

(more…)

သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းပေးရန် တောင်းဆို

October 28, 2009 By: moe moe kyaw Category: သတင်း

gas_protest အိန္ဒိယနိုင်ငံရောက်မြန်မာအင်အားစု-၄၀ကျော်တို့ကလည်းနယူးဒေလီမြို့ဂျန်တားမန်တား ပန်းခြံတွင်ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကိုရပ်ဆိုင်းပေးရန်ဆန္ဒပြခဲ့ကြသည်။(ဓာတ်ပုံဇာနည်မာန်)

ရခိုင်ကမ်းလွန်ပင်လယ်မှ ထွက်ရှိသောသဘာဝဓာတ်ငွေ့များကို  တရုတ်နိုင်ငံသို့ရောင်းချရန် ပိုက်လိုင်းများ သွယ်တန်းမည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအား ရပ်ဆိုင်းပေးရန် တောင်းဆိုသည့် စာကို တရုတ်သမ္မတ ဟူကျင်းတောင်ထံသို့ နိုင်ငံ၂၀ မှ လူမှုလှုပ်ရှားရေးအဖွဲ့များက ယနေ့ ပေးပို့သည်ဟု သတင်းရရှိသည်။

(more…)

စစ်တွေနယ်စပ် ကုန်သွယ်ရေး အမေရိကန် ဒေါ်လာသန်း ၃၀ သတ်မှတ်ချက်ထက် ကျော်လွန်နိုင်ဖွယ်ရှိ

October 27, 2009 By: moe moe kyaw Category: သတင်း

53m2

ElevenMediaGroup။      ။ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ရေငန်ပုစွန်များ စစ်တွေနယ်စပ်ကုန်သွယ်ရေး မှ ယခုနှစ်အတွင်း ၀င်ငွေအမေရိ ကန်ဒေါ်လာသန်း ၃၀ရရှိနိုင်ရန် သတ်မှတ်လုပ်ဆောင်လျက်ရှိသော် လည်း နှစ်ထက်ဝက်ခန့်တွင် လျာ ထားချက်ထက်ဝက်ကို ကျော်လွန် နိုင်ခဲ့ပြီဖြစ်သဖြင့် မူလသတ်မှတ် ချက်ကို ပြည့်မီကျော်လွန်နိုင်ဖွယ်ရှိ ကြောင်း သိရသည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးမှ ငါး၊ ၀က်၊ ချင်း၊ နနွင်းတက်၊ ဆီးယို ထုပ်၊ ဘိုကိတ်ပဲ၊ မန်ကျည်းသီး၊ မန်ကျည်းစေ့၊စမုံစပါးနှင့်ရေချိုငါးမျိုးစုံ အပါအ၀င် အခြားသောရာသီလိုက် ထွက်ကုန်များကိုလည်းတင်ပို့ကြလေ့ ရှိသဖြင့် ယခင်နှစ်များထက်ပိုမိုတင် ပို့လာနိုင်ကြောင်းလည်းသိရသည်။
(more…)

လေတပ်မှ ခွက်ပျောက်စစ်ဗိုလ်များနဲ့ အနာဂါတ်တပ်မတော်

October 27, 2009 By: moe moe kyaw Category: ဆောင်းပါး

တပ်မတော် (ကြည်း/ရေ/လေ) စစ်တပ်အတွင်းက မညီမျှမှု၊ ဒီမိုကရေစီ ဆိတ်သုန်းမှု၊  လေတပ်ထဲမှာပင် စစ်တက္ကသိုလ် ကျောင်းဆင်းအရာရှိများနှင့် တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းဆင်း အရာရှိများကို အရာရှိချင်း အတူတူ အဆင့်အတန်း ခွဲခြားထားလို့ အခွင့်အရေး တန်းတူမရရှိကြမှု၊ ခွက်ပျောက် စစ်ဗိုလ်များကလည်း အသက် ကန့်သတ်ဖြင့် အရပ်ဘက်သို့ အပြောင်းခံရသည်ထက် တပ်မတော်သားပီသစွာ အဆင့်ဆင့်သော တပ်တွင်း ရာထူးကိုသာ လက်ခံထမ်းဆောင်ချင်ကြမှု စတဲ့ ယနေ့ တပ်မတော်တွင်းက ဖြစ်ရပ်မှန်တွေကို တင်ပြထားပါတယ်။ ယခုလို အခက်အခဲကြားမှ ဆောင်းပါး ပေးပို့လာတဲ့ ဆောင်းပါးရှင်ဝေဟင်အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ် ပါတယ်ခင်ဗျား။

(more…)

ရွေးကောက်ပွဲဝင်ကြဖို့ Myanmar Egress မှ ရခိုင်အဖွဲ့စည်းများကို စည်းရုံး

October 27, 2009 By: moe moe kyaw Category: သတင်း

RFA News။     ။ရန်ကုန်အခြေစိုက် ပညာရှင်တွေနဲ့ လူမှုရေးလုပ်ငန်း ဆောင်ရွက်သူတွေ ထူထောင်ထားတဲ့ Myanmar Egress လို့ ခေါ်တွင်ဖွဲ့စည်းထားတဲ့၊ အစိုးရမဟုတ်တဲ့ အဖွဲ့ကနေ ပြည်တွင်း တိုင်းရင်းသား အဖွဲ့စည်းတွေကို ရွေးကောက်ပွဲဝင်ဖို့ စည်းရုံး ဟောပြောနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကဆိုရင် ရခိုင်သဟာယအဖွဲ့၊  ရခိုင်အမျိုးသမီးအသင်း၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု၊ ရခိုင်မောင်မယ် အဖွဲ့၊ စတဲ့ ရခိုင်အသင်းအဖွဲ့ဝင်တွေနဲ့ Myanmar Egress ရုံးခန်းတည်ရှိရာ သမ္မတဟိုတယ်မှာ တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲကို မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် စုစုစည်းစည်း ပါဝင်ကြဖို့ ပြောကြားတယ်လို့ ဒီပွဲကို တက်ရောက်ခဲ့သူ တစ်ယောက်က ပြောပြပါတယ်။

(more…)