Arakan Review

Learn from the masses, and then teach them.
Subscribe

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်ပြဿနာ ပြေလည်မည်ဟု တရုတ်မျှော်လင့်

October 30, 2009 By: moe moe kyaw Category: သတင်း

တရုတ်နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် Zhang Xianyi က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ ပြဿနာကို စေ့စပ်ညှိနှိုင်း၍ ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ယမန်နေ့က ဆိုသည်။ ဘင်္ဂလားဒေ့ရှ် Dhaka Reporters Unit (DRU) တွင် သတင်းထောက်များကို ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း Daily Star သတင်းစာတွင် ရေးသားထားသည်။

“အိမ်နီးချင်းနိုင်ငံတွေကြားထဲမှာ အငြင်းပွားစရာ သဘောမတူစရာတွေတော့ ရှိကြပါတယ်၊ ဒါပေမယ့် စေ့စပ် ဆွေးနွေးပြီးတော့ ပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်၊ စစ်ပွဲက ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်”ဟု Zhang Xianyi၏ ပြောဆိုချက်ကို ကိုးကားထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး Dipu Moni၏ ပြောဆိုချက်ကို ကိုးကား၍ ၂ နိုင်ငံ နယ်စပ်တွင် တင်းမာမှု တစုံတရာ မရှိကြောင်း၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံကြားတွင် ဖြစ်ပွားနေသော ပြဿနာကို တရုတ်နိုင်ငံက စေ့စပ် ညှိနှိုင်းရေး အတွက် ၂ နိုင်ငံလုံးက ချဉ်းကပ်လာခြင်းမရှိ သေးကြောင်းလည်း ၎င်းကဆိုသည်။

တရုတ်အစိုးရသည် ဂွမ်ဒေါင် ပြည်နယ်မှ မြန်မာနိုင်ငံကို ဖြတ်၍ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းနှင့် အဝေးပြေး လမ်းမ ဖောက်လုပ်ရန် ကြိုးပမ်းလျက် ရှိရာ ဘင်္ဂလားဒေ့ရှ်မြန်မာ ဆက်ဆံရေးသည် အဆိုပါ စီမံကိန်းကို ထိခိုက်ဖွယ် ရှိကြောင်းလည်း သုံးသပ်သူများက ယူဆနေကြသည်။ “တရုတ်- မြန်မာ- ဘင်္ဂလားဒေ့ရှ် အဝေးပြေးလမ်းဖောက်လုပ်တာက အခုချိန်ထိ ဆွေးနွေးနေဆဲပါ၊ အဲဒီ စီမံကိန်းအတွက် အစိုးရတိုင်းက အကောင်းမြင်ပါတယ်” ဟုZhang Xianyi ၏ ပြောဆိုချက်ကိုလည်း ယင်းသတင်းတွင် ဖော်ပြထားသည်။ နယ်စပ် အခြေအနေနှင့် ပတ်သက်၍ ဒေသခံ ထွန်းထွန်းက“ လက်ရှိ နယ်စပ်မှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပါ၊  စစ်တပ်ကလည်း ဆုတ်သင့် သလောက်ဆုတ်သွားပြီလေ၊ မနေ့က နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက)က ဗိုလ်မှူးကြီးနဲ့ စစ်တကောင်းနယ်ခြားစောင့်က တပ်ရင်းမှူး ဦးဆောင်ပြီးတော့ မောင်းတောမှာ ဆွေးနွေးတယ်” ဟုပြောသည်။

ဘင်္ဂလားဒေ့ရှ် မြန်မာ ရေပိုင်နက် အငြင်းပွားမှု ပြဿနာကို ၂၀၀၈ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများအဆင့် တွေ့ဆုံကြပြီး ဆွေးနွေးခဲ့သော်လည်း နှစ်ချီ၍ အငြင်းပွားနေသည့် ယင်းပြဿနာသည် ပြေလည်မှု မရရှိခဲ့ပေ။၂၀၀၈ ခု နိုဝင်ဘာလတွင် ရေပိုင်နက် အငြင်းပွားရာ နေရာသို့ မြန်မာဘက်က ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ရာမှ စတင်၍ ပိုမို တင်းမာလာခဲ့သည်။ ထိုစစ်သင်္ဘောများမှာ သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် လုံခြုံရေးယူရန် ဖြစ်သည်ဟု မြန်မာဘက်က ပြောဆိုခဲ့သည်။

Irrawaddy News

Leave a Reply