Arakan Review

Learn from the masses, and then teach them.
Subscribe

အိန္ဒိယ မြန်မာ နယ်စပ်တွင် မိုင်းပေါက်ကွဲ၍ နအဖ စစ်တပ်မှ အရာရှိတစ်ဦးသေ နှစ်ဦးခြေပြတ်

November 01, 2009 By: moe moe kyaw Category: သတင်း

အိန္ဒိယ မြန်မာနယ်စပ်တွင် မြေမြုပ်မိုင်း တလုံးပေါက်ကွဲ၍ ရသေ့တောင်အခြေစိုက် တပ်ရင်း ၅၃၈ တပ်ရင်းမှ အရာရှိ တဦးပွဲချင်းပြီး သေဆုံးသွားကာ တခြားအဆင့် စစ်သားနှစ်ဦးမှာ ခြေပြတ်သွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ အရာရှိမှာ ဒုအရာခံ ဗိုလ်သန်းမြင့် ( ကိုယ်ပိုင် နံပါတ် န/၂၁၀၅၃၉) ဖြစ်ပြီး ခြေပြတ် သွားသူနှစ်ဦးမှာ တပ်သား တင်ကိုထွေး (ကိုယ်ပိုင်အမှတ် တ/၂၄၅ ၀၆၁) နှင့် တပ်ကြပ်ကြီး ဇော်ထွန်း (ကိုယ်ပိုင် အမှတ် တ/ ၁၃၀၄၇၂) တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါမိုင်းမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ် အထက်ပိုင်း အိန္ဒိယနယ်စပ် တက်ပုတ်ချေကျေး ရွာအနီးတွင် များမကြာမှီက ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းကို မည်သည့် အဖွဲ့က အဆိုပါ ကျေးရွာအနီးတွင် လာရောက်ထောင်ထားသည်ကို သဲကွဲစွာ မသိရှိရသေးကြောင်း သတင်းတရပ်က ဖေါ်ပြသည်။ စစ်တပ် သတင်းရပ်ကွက်အရ အဆိုပါ မိုင်းကို ရှေ့မှသွားရောက်သူ ဗိုလ်သန်းမြင့်က တက်နင်းမိခြင်းဖြစ်ပြီး နောက်မှပါလာသူ တပ်ကြပ် ဇော်ထွန်းနှင့် တပ်သား တင်ကိုထွေးတို့ကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်သန်းမြှင့်မှာ ဗုံးဒဏ်ရာကြောင့် အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ခြေထောက်ပြတ်သွားသည့် တပ်ကြပ်ကြီးဇော်ထွန်းမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် စက်သားရွာမှ အဖ ဦးငလုံး၏သားဖြစ်ကြောင်း သိရသည်။ ကိုဇော်ထွန်းနှင့် ကိုတင်ကိုထွေးအား ပလက်ဝမှတဆင့် စစ်တွေသို့ ပို့ဆောင်ပြီး ယခုအခါ ဆေးကုသမူခံယူနေသည်ဟု သိရသည်။

မောင်အေး .Narinjara News

Leave a Reply