Arakan Review

Learn from the masses, and then teach them.
Subscribe

တောင်ကုတ်တွင် ရွာသားအချင်းချင်း ဓါတ်ဆီပုလင်းနှင့် တိုက်ခိုက်၍ လူ ၈ ဦးခန့်ဆေးရုံတင်ထားရ

November 03, 2009 By: moe moe kyaw Category: သတင်း

တောင်ကုတ်မြို့ ဆားပြင်ကျေးရွာတွင် ရွာသား အချင်းချင်း ရန်ဖြစ်ရာမှ ပုလင်း ဓါတ်ဆီဗုံးဖြင့် တိုက်ခိုက်၍ ရွာသား အများအပြား ဒဏ်ရာ ရရှိသွားပြီး အနည်းဆုံး လူ ၈ ဦးခန့်ကို တောင်ကုတ် ဆေးရုံကို ပို့လိုက်ရကြောင်း တောင်ကုတ်မြို့ခံ တဦးက ပြောသည်။

“ ဖြစ်တာက မနေ့ညနေ ၇ နာရီခန့်မှာ ဖြစ်တာပါ။ ရွာသား အများစု ဘုန်းတော်ကြီးကျောင်းမှာ ထိုင်နေစဉ် လာရောက် ဆဲဆိုတဲ့အတွက် အုပ်စုလိုက် ဆင်းလိုက်ရာကနေ ဆဲဆိုတဲ့ လူက ဓါတ်ဆီကို ပုလင်းထဲထည့်ပြီး ဗုံးလုပ်တိုက်ခိုက်တဲ့အတွက် ခုလို အများအပြား ဒဏ်ရာ ရရှိသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ ဒဏ်ရာ ပြင်းထန်သူ ၄ ဦးခန့်ကို ဆေးရုံတင်ထားရပြီး တခြား ဒဏ်ရာရသူ ၅ ဦးခန့်ကို အပြင်တွင် ကုသနေရကြောင်း သိရသည်။

“ဒီနေ့ မနက်ကတော့ တိုက်ခိုက်တဲ့သူကို တောင်ကုတ် ရဲစခန်းမှာ ဖမ်းဆီးထားလိုက်ပါပြီ။ အခုလောလောဆယ်တော့ အခြေအနေက အေးအေးဆေးဆေးဘဲ ရှိပါတယ်” ဟု သူက ဆက်ပြောသည်။ ရခိုင်ပြည်နယ်အတွင်း အရပ်သားများ အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာတွင် ယခင်က ဓါတ်ဆီ ပုလင်းကို ဗုံးလုပ်၍ တိုက်ခိုက်ခြင်း မရှိသဖြင့် ယခု တိုက်ခိုက်မူမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရှိရသည်။

Narinjara News

Leave a Reply