Arakan Review

Learn from the masses, and then teach them.
Subscribe

မြန်မာနိုင်ငံသား ၃၆ ဦးကို ဘင်္ဂလာရဲက ဖမ်းဆီး

November 04, 2009 By: moe moe kyaw Category: သတင်း

bandarban2851

ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်သူ မြန်မာနိုင်ငံသား ၃၆ ဦးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလာရဲက ထုတ်ဖေါ်ပြောကြားသည်။

သူတို့အား ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် ခရိုင် ရွင့်ဆရီ (ရခိုင်ဝ) မြို့နယ်၌ ယနေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲတာဝန်ရှိသူများက ထုတ်ဖေါ်ပြောကြားသည်။

ဖမ်းဆီးခံရသူများ အထဲတွင် ကလေး ၁၈ ဦး၊ အမျိုးသမီး ၁၄ ဦးနှင့် လူကြီး ၄ ဦးတို့ ပါဝင်ပြီး သူတို့မှာ မြန်မာနိုင်ငံမှ မူဆလင်များ ဖြစ်ကြသည်။ သတင်းအရ မြန်မာနိုင်ငံတွင်နေထိုင်သော (ကုလား) မူဆလင်များ ၀င်ရောက်လာသည်ဟု သတင်းရသဖြင့် သွားရောက် ရှာဖွေစဉ် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းရဲက ထုတ်ဖေါ်ပြောဆိုသည်။

သူတို့အား ယခုအခါ ရွင့်ဆရီ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။
သူတို့အား ဖမ်းဆီး အရေးယူမည်လား (သို့မဟုတ်) မြန်မာနိုင်ငံသို့ မောင်းထုတ်မည်လား ဆိုသည်ကို သဲကွဲစွာ မသိရှိရသေးကြောင်း ဒေသခံ သတင်းသမား တဦးက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ အစိုးရမှ သူတို့နိုင်ငံတွင် ယူအန် ဒုက္ခသည် စခန်းတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာခေါ် မူဆလင် ၂၈၀၀၀ ရှိပြီး ကျန် ၂ သိန်းနှင့် ၄ သိန်းအကြားမှ ကော့ဘဇား၊ ဘင်ဒရိုဘင်နှင့် ရန္ကာမတီ ခရိုင်များတွင် နေထိုင်နေသည်ဟု ခန့်မှန်း ပြောဆိုထားသည်။

သူတို့အား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မြန်မာ အစိုးရနှင့် ဆွေးနွေးသွားမည်ဟု များမကြာမှီက အစိုးရ အရာရှိ တဦးမှ ထုတ်ဖေါ် ပြောဆိုသည်။

Narinjara News

Leave a Reply