November 17, 2009
By: Mr Maung Nyo
Category: သတင်း
တောင်တောနယ်စပ်သို့ တစ်ခုတည်းသော အဓိက ဆက်သွယ်ရေးလမ်းမကြီးဖြစ်သော မေယုတောင်ပေါ်လမ်း၌ ၁၉၈၁ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့သည် ဥမင်လိုဏ်ခေါင်းကြီးမှာ ခရီးသွားများလုံခြုံချောမွေစေရေးအတွက် ဥမင်လိုဏ်းခေါင်းရှောင်ကွင်းလမ်းတစ်ခုကို ပြည်သူပဆောက်လုပ်ရေးမှ စတင် ဖောက်လုပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဥမင်လိုဏ်ခေါင်း ရှောင်ကွင်းလမ်းမှာ ဘူးသီးတောင်မြို့ နယ်နှင့် မောင်တောမြို့ နယ်ခွဲ တံတားအနီးမှ စတင်ဖောက်လုပ်နေခြင်းဖြစ်ပြီး သုံးဖာလုံ ခန့်ရှည်မည်ဖြစ်ကြောင်း သိရပါသည်။
ဆက်ဖတ်ရန် →
No Comments →
November 17, 2009
By: Mr Maung Nyo
Category: သတင်း
သံတွဲသစ်ထုတ်လုပ်ရေးဒေသ ဘူးသီးတောင်မေ့ဆေးအဖွဲ့က နိုဝင်ဘာလ (၈) ရက်နေ့တွင် ဘူးသီးတောင်မြို့ နယ်အတွင်း၊ မေယုတောင်မှ တောဆင်ရိုင်းတစ်ကောင် ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။
ဖမ်းဆီးရမိသော ဆင်မှာ (၅) နှစ်ခန့်အရွယ်ရှိ ဆင်မလေးဖြစ်ပြီး၊ အရပ်အမြင့် (၅) ပေ (၇) လက်မကျော် ကုန်းအလျားမှာ (၅) ပေ (၆) လက်မ ရှိကြောင်း၊ မေယုတောင် မြေစပါးခင်းသို့ ညနေပိုင်း လာရောက်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ယခုအခါ အရိုင်းယဉ် သွင်းနေပြီး ဖြစ်ကြောင်း သိရသည်။
ဆက်ဖတ်ရန် →
No Comments →
November 16, 2009
By: Mr Maung Nyo
Category: Uncategorized

ရခိုင်ပြည်နယ်အတွင်း၊ စစ်တွေမှ ထွက်ခွာပြေးဆွဲနေသော ရေကြောင်းသင်္ဘောခရီးစဉ်တွင် တောင်ကုတ်မြို့ သည် ခရီးစဉ်ဆုံးသော မြို့ ဖြစ်ရာ ပွင့်လင်းရာသီသို့ ရောက်ရှိလာသည်နှင့် အညီ ချောင်းကြောင်း တိမ်ကောလာမှုကြောင့် သင်္ဘောများ ဒီရေစောင့်ဆိုင်းကာ ၀င်ထွက်နေရသဖြင့် ကြန့်ကြာမှုများကို ရင်ဆိုင်နေရကြောင်း သိရှိရသည်။
တောင်ကုတ်ချောင်းသည် ယခင်က ဘင်္ဘောများဝင်ထွက်သွားလာ၇န် အခက်မခဲမရှိသော်လည်း လွန်ခဲ့သည့် ငါးနှစ်ခန့်ကစ၍ သောင်ထွန်းခြင်းများဖြစ်ပေါ်လာသဖြင့် ချောင်းကြောင်း တိမ်ကောလာခဲ့ရာ လက်ရှိပြေးဆွနြေသော ပြည်တွင်းရေကြောင်း သင်္ဘေများအထူး သတိထား သွားလာနေရကြောင်းလည်း သိရသည်။
ဆက်ဖတ်ရန် →
No Comments →
November 16, 2009
By: Mr Maung Nyo
Category: သတင်း
ရခိုင်ပြည်နယ်မှ ပို့ကုန်ပမာဏမြင့်မားလာသော နယ်စပ်ကုန်သွယ်ရေးတွင် ဘင်္ဂလားဒေ့ရှ်သို့ ကုန်စည် အမြောက်အမြား တင်ပို့လျက်ရှိရာ ယခုနှစ် ဧပြီလမှ သြဂုတ်လအထိ လေးလအတွင်း စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဂျင်းစိမ်း (ချင်းစို) တန်ချိန် ၂၀၅ တန်ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ဆက်ဖတ်ရန် →
No Comments →
November 14, 2009
By: moe moe kyaw
Category: သတင်း
ကော့ဘဇား(ဖလောင်းချိတ်) မြို့ရှိ ဗုဒ္ဓဘာသာ အဆောက်အဦးများနှင့် ဘုရား ပရ၀ုဏ်များ အတွင်း ကျူးကျော် ၀င်ရောက်နေထိုင်သူများကို ဘင်္ဂလာရဲက လာရောက် ဖယ်ရှား ပစ်ခဲ့သည် ဟု ဒေသခံ ရခိုင်အမျိုးသား တဦးက ပြောသည်။
“ မနေ့က မနက်စောစော ၉ နာရီမှာ ဘင်္ဂလာရဲတွေက သိမ်တော်ရင်ပြင်ကို ရောက်ရှိလာပြီး ၀ိမလသာရ ကျောင်းထဲမှာ နေထိုင်နေတဲ့ မိသားစုတွေကို အတင်းအပြင်ကို မောင်းထုတ်ခဲ့ပါ တယ်။ ဒါ့အပြင် ကျောင်းနောက်ဘက်မှာ ကျူးကျော် ဆောက်နေတဲ့ တိုက်ငယ် တလုံးကိုပါ ဖြိုဖျက်ပစ်လိုက်ပါတယ်။ ဆက်ဖတ်ရန် →
No Comments →
November 13, 2009
By: Mr Maung Nyo
Category: သတင်း
ရခိုင်ပြည်သတင်း
- ကော့ဘဇား(ဖလောင်းချိတ်)မြို့ရှိ ဗုဒ္ဓဘာသာအဆောက်အဦးများနှင့် ဘုရားပရ၀ုဏ်များအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သူများကို ဘင်္ဂလာရဲ က လာရောက် ဖယ်ရှားပစ်ခဲ့သည်ဟု ဒေသခံ ရခိုင်အမျိုးသား တဦးက ပြောသည်။ (Narinjara 131109)
ဗမာပြည်သတင်း
- ထိုင်းနိုင်ငံ၊ဘန်ကောက်အခြေစိုက် အာရှဒေသမြေမြှုပ်မိုင်းတားဆီးမှု စောင့်ကြည့်လေ့လာရေးအဖွဲ့၏ လေ့လာသုတေသနပြုချက် တစ်ရပ်အရ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် လွန်ခဲ့သည့် (၂၀၀၈) ခုနှစ်တွင် တတိယနေရာသို့ ရောက်ရှိနေကြောင်း သိရသည်။ (Kaowao 131109)
- မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ပဲစိုက်တောင်သူများမှာ (၂) နှစ်ဆက်တိုက် ပဲဈေးနှုန်း ကျဆင်းမှုကြောင့် အရှုံးပေါ်နေကြပြီး ယခုနှစ်တွင်လည်း ပဲဈေးနှုန်း အနည်းငယ်ဦးမော့လာသော်လည်း ပဲထွက်နှုန်းကျဆင်းနေသဖြင့် စိုက်ပျိုးစရိတ်ဆုံးရှုံးနေသည်ဟု ပဲစိုက်တောင်သူတစ်ဦးမှ ပြောသည်။ (Kaowao 131109)
- ဆက်ဖတ်ရန် →
No Comments →
November 13, 2009
By: moe moe kyaw
Category: သတင်း

မုံပီး-နယူးဒေလီ (မဇ္ဈိမ)။ ။ ကိုလ်ကာတာမြို့စက်ရှင်တရားသူကြီးရုံးတွင် အမှုရင်ဆိုင်နေရသော မြန်မာသူပုန် (၃၄) ဦး သည် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသူများသာ ဖြစ်ကြောင်း အဝေးရောက် အစိုးရအဖွဲ့ဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB)၏ ကိုယ်စားလှယ်က သက်သေအဖြစ် ထွက်ဆိုခဲ့သည်။
NCGUB မှ နယူးဒေလီအခြေစိုက် ဝန်ကြီး ဒေါက်တာတင့်ဆွေက ကြာသပတေးနေ့က တရားရုံး တွင် ထွက်ဆိုရာ၌ လောလောဆယ် ကိုလ်ကာတာမြို့ ပရက်စီဒင်စီ (Presidency) အကျဉ်း ထောင်တွင် ချုပ်နှောင်ခံနေရသော ရခိုင်နှင့်ကရင် လူမျိုး (၃၄) ဦးသည် မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက် တိုက်ပွဲဝင်နေသည့် လွတ်မြောက်ရေး တိုက်ပွဲဝင်နေသူများ ဖြစ်ကြောင်း ပြောဆိုသွားသည်။
ဆက်ဖတ်ရန် →
Comment (1)
November 12, 2009
By: moe moe kyaw
Category: သတင်း
လက်နက်မှောင်ခိုမှုနဲ့ စွဲစွပ်ခံရပြီး အိန္ဒိယမှာ နှစ်ရှည် ဖမ်းဆီးခံထားရသည့် သူရဲကောင်းများ
လက်နက်မှောင်ခိုမှုနဲ့ အိန္ဒိယမှာ နှစ်ရှည် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား သူပုန်တွေကို UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်အဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။
သူတို့ဟာ အိန္ဒိယ ကာလကတ္တား အကျဉ်းထောင်ထဲကနေ အမှုရင်ဆိုင်နေရတာ ဖြစ်ပြီး အကယ်၍ တရားသေ လွတ်မြောက်လာခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံကို ပြန်ပို့ခံရနိုင်တဲ့ အနေ အထား မရှိတော့ပါဘူး။ အကြောင်းစုံကို မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်း ထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ဆက်ဖတ်ရန် →
No Comments →
November 12, 2009
By: moe moe kyaw
Category: သတင်း
မုံပီး-နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတွင် ငြိမ်းချမ်းတည်ငြိမ်မှု ရရှိ ရေးအတွက် မိမိတို့၏ `အရှေ့မျှော်မူဝါဒ´ကို ပြောင်းပြန်လှန်ပစ်ရန်လိုပြီး စစ်အစိုးရ အုပ်ချုပ် နေသော အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ပြုလုပ်ရန် မိမိတို့၏ ထောက်ခံမှုအပေါ် အခိုင်အမာ ရပ်တည်သင့်သည်ဟု ထင်ရှားသော အိန္ဒိယသတင်းစာ ဆရာတဦးက သူ၏ အသစ်ထုတ်ဝေလိုက်သော စာအုပ်သစ်တွင် ရေးသားထားသည်။
အိန္ဒိယ၏ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများအပေါ် ထားရှိသော မူဝါဒများသည် အိန္ဒိယအရှေ့ မြောက်ဒေသတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သော လက်တွေ့အကျိုးဆက်များကို မည်သို့မည်ပုံ မျက်စိမှောက်သွားသည့်အကြောင်း အသေးစိတ် အချက်အလက်များကို အကြီးတန်း သတင်း စာဆရာတဦးနှင့် သုတေသီပညာရှင်တဦးဖြစ်သူ ဆူဗီယာဘူမစ် (Subhir Bhaumik) က သူ၏ `ပြဿနာဖြစ်နေသော အစွန်အဖျားဒေသ - အိန္ဒိယအရှေ့မြောက် အကျပ်အတည်း´ (Troubled Periphery: Crisis of India’s Northeast) ဟူသည့် မကြာသေးခင်က ထုတ်ဝေလိုက်သော စာအုပ်တွင် ရေးသားထားသည်။
ဆက်ဖတ်ရန် →
No Comments →
November 12, 2009
By: moe moe kyaw
Category: သတင်း

မောင်အေး(နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျ နိုင်ငံရှိ မြန်မာ မူဆလင် ဒုက္ခသည် စခန်းတခုမှ တာကာငွေ ၅၀၀ တန် အတုလုပ်ရန် စီစဉ်နေသည့် မြန်မာ မူဆလင် နှစ်ဦးကို ပစ္စည်းများနှင့် အတူ ဘင်္ဂလာရဲ တပ်ဖွဲ့မှ ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း ဒုက္ခသည် ကျောင်းဆရာတဦးကပြောသည်။
“ဟုတ်ပါတယ်။ ငွေ အတုနဲ့ ဖမ်းတာက မနေ့က နှစ်ယောက် ဖြစ်ပါတယ်။ နောက်ထပ် ကျောင်းဆရာ တဦးကိုလည်းဖမ်းသွားပါတယ်။ ကျောင်းဆရာ ကိုတော့ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိပါဘူး။”
ဆက်ဖတ်ရန် →
No Comments →